မန်ယူနောက်ခံလူ ဘိုင်ယီ၏ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသရမည်
မန်ယူနောက်ခံလူ ဘိုင်ယီဟာ ခြေချင်းဝတ်ဒဏ်ရာ သက်သာလာခြင်း မရှိတာကြောင့် ခွဲစိတ်ကုသရဖို့ ရှိနေပါတယ်။
အသက် ၂၃ နှစ်ရှိ ဘိုင်ယီဟာ အိုင်ဗရီကို့စ်နဲ့ နိုင်ငံတကာပွဲစဉ် ကစားစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး နိုဝင်ဘာလကတည်းက မန်ယူအသင်းမှာ ပွဲထွက်နိုင်ခြင်း မရှိတော့တာပါ။
ဘိုင်ယီရဲ့ဒဏ်ရာကို အကောင်းဆုံး ကုသပေးနေပြီး ခွဲစိတ်ကုသရဖို့လည်း ရှိတဲ့အတွက် နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမှာဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။
မန်ယူအသင်းမှာ ဗဟိုခံစစ်မှူး ၄ ဦး၊ ၅ဦးလောက်ပဲ ရှိတဲ့အတွက် ဗဟိုခံစစ်မှူးတွေ ဒဏ်ရာရနေတာဟာ ပြဿနာတရပ်ဖြစ်ပေမယ့် စမောလင်း အကောင်းဆုံးခြေစွမ်း ပြနေတဲ့အတွက် အဆင်ပြေနေတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
မော်ရင်ဟိုဟာ မန်ယူအသင်းကို ရောက်ရှိပြီး ပထမဆုံး ခေါ်ယူမှုအဖြစ် နောက်ခံလူ ဘိုင်ယီကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။