TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
December 15, 2017
ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက် ညက TNLA လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
မန်တုံမြို့နယ် မန်ဆာကျေးရွာနဲ့ ခိုက်အော်ကျေးရွာကြားမှာ မနေ့ ညနေ ၁၇း၂၅ နာရီအချိန်မှ ၁၈း၀၀ နာရီအချိန်ထိ TNLA တပ်ရင်း ၁၀၁နဲ့ မြန်မာ့တပ်မတော်တပ်မ ၈၈ လက်အောက်ခံ ခလရ ၃၄၄ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာလို့ဆိုပါတယ်။
တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ၃ ဦး ကျဆုံးပြီး TNLA ဘက်က ၁ ဦး ဒဏ်ရာရ တယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ပေးမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။