Home
မြန်မာသတင်း
ကြား​ဖြတ်​ရွေး​ကောက်ပွဲ မျှတမှုမရှိဟု ပါတီ ၃ ခု​ဝေဖန်
ရွှေအောင်
·
April 20, 2012
ပြီး​ခဲ့​တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဟာ လွတ်လပ်​ပေမယ့်​ မျှတမှုမရှိဘူး​လို့​ ညီညွတ်​ရေး​နဲ့​ငြိမ်း​ချမ်း​ရေး​ပါတီဥက္ကဋ္ဌ ဦး​အုန်း​လွင်က ​ဝေဖန်​ပြောကြား​လိုက်ပါတယ်။ ရန်ကုန်မြို့​ စီး​တီး​စတား​ဟိုတယ်မှာ ဧပြီ ၂၀ ရက်က ပြုလုပ်တဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင် ပါတီ ၃ ခုရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဦး​အုန်း​လွင်က ထုတ်​ဖော် ​ပြောကြား​လိုက်တာ ဖြစ်ပါတယ်။ “ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ဥပ​ဒေနဲ့​ မညီညွတ်တဲ့​ ကိစ္စ​တွေ​ပေါ့​ဗျာ။ လမ်း​ပိတ်တာတို့​၊​ ဘုန်း​ကြီး​တွေ အသုံး​ချတာတို့​၊​ နိုင်ငံခြား​သား​တွေ အသုံး​ချတာတို့​၊​ ​နောက်ပြီး​တော့​ အစိုး​ရကို ထိခိုက်​စေတဲ့​ စကား​ပြောတာတို့​ စသည်ဖြင့်​ အဲဒီအချက်အလက်​တွေက ဥပ​ဒေနဲ့​ မညီညွတ်ဘူး​။ သို့​သော် သူ့​ကို သတိ​ပေး​တယ်၊​ သတိ​ပေး​နေရင်း​နဲ့​လည်း​ ​ရွေး​ကောက်ပွဲကြီး​က ပြီး​သွား​တယ်။ တကယ်ဆိုလို့​ရှိရင် အဲဒါ​တွေက နိုင်​အောင်ထိန်း​ဖို့​လိုတယ်။ အဲဒီ​တော့​ လွတ်လပ်တယ်၊​ သို့​သော် တရား​မျှတမှု မရှိဘူး​။” ဘာ​ကြောင့်​ တရား​မျှတမှုမရှိဘူး​လို့​ ​ပြောနိုင်တာလဲဆိုတာနဲ့​ပတ်သက်ပြီး​ အခုလို ​ပြောပါတယ်။ “​ကော်မရှင်က လွတ်လပ်ပြီး​တရား​မျှတမှုဖြစ်ဖို့​က လွတ်လပ်​ပေမယ့်​ မျှတမှု မဖြစ်ဘူး​။ ​နောက်တခါ ကျ​နော်တို့​အခု ​ရွေး​ကောက်ပွဲအ​တွေ့​အကြုံအရ ​ဒေါ်စုတို့​အ​နေနဲ့​ ဥပ​ဒေမဲ့​ ပြုကျင့်​တာ​တွေ၊​ ​နောက်ပြီး​တော့​ တဖက်သတ်ကြီး​ လုပ်တာ​တွေ၊​ ​နောက်ပြီး​တော့​ သမ္မတကြီး​တို့​၊​ လွှတ်​တော်ဥက္ကဋ္ဌတို့​၊​ ​နောက် နိုင်ငံခြား​က နိုင်ငံ​တော် ​ခေါင်း​ဆောင်ကြီး​တွေက သူ့​ကို အသား​ပေး​ဖော်ပြတာ (Highlight) လုပ်ခဲ့​တာ​တွေ၊​ ​နောက်တခါ ဗွီဒီယိုတို့​၊​ တီဗွီတို့​ကလည်း​ သူ့​ကို အသား​ပေး​ပြုလုပ်တာ​တွေက သူ့​အတွက်​တော့​ ​ရွေး​ကောက်ပွဲမှာ အထွတ်အထိပ် ​ရောက်သွား​ပေမယ့်​ ကျန်တဲ့​ပါတီ​တွေ အ​နေနဲ့​က​တော့​ အင်မတန် အား​နည်း​ ဆုတ်ယုတ်သွား​စေတယ်​ပေါ့​ဗျာ။ အဲဒီလို အမူအကျင့်​မျိုး​ ထပ်ပြီး​တော့​များ​ ၂၀၁၅ မှာ ဖြစ်ရင် ကျ​နော်တို့​က ဘာမှ အား​ရစရာ မရှိ​တော့​ဘူး​ အဲဒီလို ခံစား​ရတယ် ဆိုတာ​တွေ။” သတင်း​စာရှင်း​လင်း​ပွဲမှာ ညီညွတ်​ရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​ပါတီ၊​ မြန်မာအမျိုး​သား​ ကွန်ဂရက်နဲ့​ အမျိုး​သား​နိုင်ငံ​ရေး​ မဟာမိတ်အဖွဲ့​ချုပ်တို့​က ပါတီ​ခေါင်း​ဆောင်​တွေ တက်​ရောက် ရှင်း​လင်း​ပြောကြား​ခဲ့​ကြပြီး​၊​ လာမယ့်​ ၂၀၁၅ ​ရွေး​ကောက်ပွဲမှာ အလား​တူ ဖြစ်ရပ်မျိုး​တွေ ထပ်မဖြစ်​စေဖို့​ ရည်ရွယ်ပြုလုပ်ခဲ့​တာလို့​ ဆိုပါတယ်။ မူလက ပါတီ ၅ ခု ပူး​ပေါင်း​ သတင်း​စာရှင်း​ပွဲ လုပ်မယ်လို့​ သတင်း​တွေ ထွက်ခဲ့​ပေမယ့်​ ပြည်သူ့​ဒီမိုက​ရေစီပါတီနဲ့​ ​ခေတ်သစ်ပြည်သူ့​ပါတီတို့​က​တော့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ပါဝင်တက်​ရောက်ခြင်း​ မရှိဘူး​လို့​သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024