ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရီးရဲလ်နှင့် ဂရီမီယို ဗိုလ်လုမည်

1.5K
ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဘရာဇီးကလပ် ဂရီမီယိုနဲ့ တွေ့ဆုံနေပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက အိမ်ရှင် ယူအေအီးကလပ် အယ်လ်ဂျားဇီးယားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာပါ။
ရီးရဲလ်အသင်းဟာ ပွဲချိန် ၄၁ မိနစ်မှာ ဦးဆောင်ဂိုး စတင်ပေးခဲ့ရပေမယ့် ပွဲချိန် ၅၃ မိနစ်မှာ စီရော်နယ်ဒို၊ ပွဲချိန် ၈၈ မိနစ်မှာ ဂါရတ်ဘေးလ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ပြီး အနိုင်ရခဲ့တာပါ။
ဘရာဇီးကလပ် ဂရီမီယိုအသင်းက မက္ကဆီကိုကလပ် ပါချူကာကို အချိန်ပိုမှာ သွင်းယူခဲ့တဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ယူ ကျော်ဖြတ်လာတာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ ဂရီမီယိုအသင်းတို့ ကစားမယ့် ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲကို ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။