A d v e r t i s e m e n t With Us

တောင်ကိုရီးယားဂျာနယ်လစ်များကို တရုတ်လုံခြုံရေးများက ရိုက်နှက်ကန်ကျောက် (ရုပ်သံ)

တရုတ်နိုင်ငံမှာကျင်းပတဲ့ စီးပွားရေးကုန်စည်ပြပွဲတခုကို တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်း တက်ရောက်စဉ် သတင်းယူကြတဲ့ တောင်ကိုရီးယား ဂျာနယ်လစ်တွေကို တရုတ်လုံခြုံရေးတွေက ရိုက်နှက်၊ ကန်ကျောက်နေတဲ့ ဗွီဒီယိုဖိုင်ကို တောင်ကိုရီးယားမီဒီယာမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မြေပေါ်လဲကျနေတဲ့ ဂျာနယ်လစ်တဦးကို လုံခြုံရေးတွေက ရိုက်နှက်၊ ကန်ကျောက်နေတဲ့ ဗွီဒီယိုဖိုင် ထုတ်လွှင့်ပြသခဲ့တာပါ။ တောင်ကိုရီးယား ဂျာနယ်လစ် ၁၀ ဦးဟာ သမ္မတ မွန်းဂျဲအင်း တက်ရောက်တဲ့ ကုန်သွယ်ရေးပြပွဲကို သတင်းယူတာဖြစ်ပြီး မွန်းဂျဲအင်းနောက်ကို လိုက်ဖို့လုပ်နေတာကို တရုတ်လုံခြုံရေးတွေက တားမြစ်ခဲ့တာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ တောင်ကိုရီးယား သတင်းထောက်တွေကို တိုက်ခိုက်ခဲ့တဲ့ တရုတ်လုံခြုံရေးတွေဟာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီက ဖြစ်ဖွယ်ရှိပြီး သမ္မတ မွန်းဂျဲအင်းရဲ့ လုံခြုံရေးအတွက် တောင်ကိုရီးယား ကုန်သွယ်မှုမြှင့်တင်ရေး အေဂျင်စီ (KOTRA) က ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up