A d v e r t i s e m e n t With Us

လာမည့် ရုရှားရွေးကောက်ပွဲတွင် သမ္မတပူတင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်

ဓာတ်ပုံ - ရိုက်တာ
ရုရှားသမ္မတ ပူတင်က သူ့အနေနဲ့ လာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။ သမ္မတ ပူတင်ဟာ နှစ်စဉ်ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ပူတင်ဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ သူနဲ့ အမြင်ချင်းတူပြီး သူ့ကိုယုံကြည်တဲ့ နိုင်ငံရေးပါတီတွေနဲ့ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို မျှော်လင့်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံ ဖွဲ့စည်းပုံဥပဒေအရ အသက် ၃၅ နှစ်နဲ့အထက်ရှိပြီး နိုင်ငံတွင်း အနည်းဆုံး ၁၀ နှစ်နေထိုင်တဲ့ မည်သည့် ရုရှားနိုင်ငံသားမဆို သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ပူတင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ သမ္မတရွေးကောက်ပွဲမှာ ယူနိုက်တက်ရုရှားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာပါ။ သမ္မတ ပူတင်က သူ့အနေနဲ့ ရုရှားပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုကို မျှော်လင့်တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up