A d v e r t i s e m e n t With Us

အိမ်အတွင်း အမြင့်မှ သေနတ်ပြုတ်ကျပြီး ကျည်ဆန်ထိမှန် သေဆုံးခဲ့ရသည့် ၈ နှစ်သမီးငယ်

ဓာတ်ပုံ - Facebook/AduanRakyatKedah
မလေးရှားနိုင်ငံမှာ အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးဟာ နေအိမ်တွင်းရှိနေချိန် အမြင့်မှ သေနတ်တလက်ပြုတ်ကျပြီး ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဘနားမားသတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ကေးဒါပြည်နယ်တွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကလေးငယ်ဟာ အဘိုးဖြစ်သူရဲ့ နေအိမ်မှာ ရောက်ရှိနေခဲ့တာလို့ ဆိုပါတယ်။ မနက်ခင်း ၁၁ နာရီလောက်က ကလေးငယ် ပူတရီ အင်တန်ရှာရီနီမိုဒ်ဟစ်ရှ်မူဒင် နေအိမ် ဧည့်ခန်းတွင်းမှာ တီဗွီကြည့်နေခဲ့ချိန် အဖိုးဖြစ်သူပိုင် သေနတ်က အပေါ်ကနေ ပြုတ်ကျလာခဲ့တာ ဖြစ်ပါတယ်။ သေနတ်ရဲ့ သက်တမ်းကတော့ နှစ်ပေါင်း ၈၀ လောက် ရှိနေပြီဖြစ်ပြီး ကြမ်းပြင်ပေါ် အရှိန်နဲ့ပြုတ်ကျချိန်မှာ ကျည်ဆန်ထွက်သွားခဲ့ပြီး ကလေးငယ်ရဲ့ ဘယ်ဘက်ပါးကို ထိမှန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီနောက်မှာတော့ ကလေးငယ်ဟာ သေနတ်ဒဏ်ရာနဲ့ နေရာတင် သေဆုံးသွားခဲ့တယ်လို့ သက်ဆိုင်ရာက အတည်ပြုပြောခဲ့ပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲဌာနအကြီးအကဲက ပြောပါတယ်။ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ မိုဒ်ဟစ်ရှ်မူဒင် အက်ဇ်မီက ဒီအဖြစ်အပျက် ဖြစ်ပွားချိန်မှာ ရှိမနေခဲ့ဘဲ မနက် ၁၁း၃၀ နာရီလောက်မှ သိခဲ့ရတယ်လို့ ပြောပါတယ်။ “ကျနော် အိမ်ကို အမြန်လိုက်သွားခဲ့ပါတယ်။ ခုလိုအခြေအနေနဲ့ ကျနော့်သမီးကို မြင်လိုက်ရတော့ ယူကျုံးမရဖြစ်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up