A d v e r t i s e m e n t With Us

ကော့သောင်းမြို့ ​ပုလုံးတုံးတုံးတံတား နှစ်​လမ်းသွား ကွန်​ကရစ်​တံတား တည်​​ဆောက်​မည်

တနင်္သာရီတိုင်း​ဒေသကြီး၊​ ကော့သောင်းမြို့၊ ​ပုလုံးတုံးတုံးတံတားကို နှစ်​လမ်းသွား ကွန်​ကရစ်​တံတား တည်​​ဆောက်​မယ်လို့ တံတားတည်ဆောက်ရေးအဖွဲ့ အမှတ် (၄) မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၇/၂၀၁၈ ဘဏ္ဍာ​ရေးနှစ်​အတွင်း ​ဆောက်​ရွက်​နေတဲ့ လမ်း၊ တံတား၊ အ​ဆောက်​အဦနဲ့ ​ကျေးလက်​လမ်းလုပ်​ငန်းတွေနဲ့ ပတ်​သက်တဲ့ အသိ​ပေး  ရှင်းလင်းပွဲမှာ တံတားတည်ဆောက်ရေး အဖွဲ့ အမှတ်-၄ မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ​ပြောကြားခဲ့တာပါ။ တံတားအရှည်မှာ​ ၂၄၀၀ ​ပေရှိပြီး ယာဉ်​သွားလမ်းအကျယ်​ ၂၄​ ပေနဲ့ လူသွားလမ်း တဖက်​ ၃​ ပေ ရှိပြီး ၂၀၁၇ သြဂုတ် ၁ ရက်​​နေ့က လုပ်​ငန်းစတင် ​အ​ကောင်​အထည်​​ဖော်​ခဲ့ရာမှာ အခုဆို ၃ ရာခိုင်းနှုန်း ပြီးစီးဖြစ်တယ်လို့ လမ်းတံတား တည်​​ဆောက်​​ရေးအဖွဲ့က ပြောပါတယ်။ ကျေးရွာဒေသခံ ဦးဝင်းနိုင်က “ခရီးသွားလုပ်​ငန်းအတွက်​လည်း အကျိုးပြုလိမ့်မယ်။ ​ကော့​သောင်းမြို့ရဲ့ အထင်​ကရ​ နေရာ​တွေထဲက တခုဖြစ်​တဲ့ ​ကော့​သောင်းမြို့ရဲ့ ဂုဏ်​ကျက်​သ​ရေ​ ဆောင်​ထားတဲ့ ပုလုံးတုံးတုံးတံတားကို တည်​​ဆောက်​​နေတာ​ တွေ့ရလို့ ကျ​နော် ​ပုလုံးတုံးတုံး​ ကျေးရွာသားတ​ယောက်​အ​နေနဲ့ အရမ်းကို ဝမ်းသာပီတိဖြစ်​မိ​ပါတယ်။ ဖြစ်နိုင်​ရင်​ ရွာထဲအထိ လမ်းကို တခါတည်း ခင်း​ပေး​စေချင်ပါတယ်။ တ​ခါတည်း လုပ်​မ​ပေးနိုင်​ရင်​​တောင်​ တ​ဖြည်းဖြည်း လုပ်​​ပေးဖို့ အစိုးရကို​ တောင်းဆိုချင်ပါတယ်”လို့ ​ပြောပါတယ်။ ကော့သောင်းမြို့ခံတဦးက “အခု​တော့ တံတား​ကြေး​ ကောက်​တယ်​ဗျာ။ တံတားက ပျဉ်ေ​တွကမညီ။ ထိုးထိုး​ထောင်​​ထောင်​နဲ့ဆို​တော့ ဆိုင်​​ကယ်​​တွေ ​ခဏခဏ​မှောက်​တယ်​ဗျာ။ မိုးရွာတာရယ်​ ပြီး​တော့ ညဘက်​​မောင်းရင် ​တံတားက မီးမရှိဘူး။ ​ပြောချင်​တာက တံတား​ကြေး​ ကောက်​ထားတဲ့အတွက်​ ဝန်​ဆောင်​မှုရယ်​၊ တာဝန်​ယူမှု တာဝန်​ခံမှု ရှိရပါမယ်​။ အခု​တော့ တာဝန်​ယူမှု တာဝန်​ခံမှု မရှိဘူးဗျာ။ အခန့်​မသင့်ရင် ​တရားပါ စွဲခံထိတယ်​ဗျာ။ အခု ကွန်​ကရစ်​တံတား တည်​​ဆောက်​​နေပြီဆို​တော့ သွား​ရေးလာ​ရေးက​တော့ အရမ်းကို အဆင်​ပြေသွားပြီ။ တံတား​ကြေး​တော့ ဘယ်​​လောက် ​​ကောက်​မလဲ​တော့ မသိဘူး”လို့ ပြောပါတယ်။ သတင်း - လတ်ကိုကိုဦး

A d v e r t i s e m e n t With Us

More News
Up