A d v e r t i s e m e n t With Us

ရင်သွေးနှစ်ဦးကို ဓားဖြင့်ထိုးပြီး ကိုယ်ကိုယ့်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် အမျိုးသမီး

ဓားဖြင့်အထိုးခံခဲ့ရသည့် လသားကလေးငယ်အား ဆေးရုံတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ထိုင်းရတ်)
ထိုင်းနိုင်ငံမှ မိခင်အမျိုးသမီးတဦးဟာ ရင်သွေး ၂ ဦးကို ဓားနဲ့ထိုးပြီးနောက်မှာ သူ့ကိုယ်သူလည်း သေကြောင်းကြံစည်ခဲ့တယ်လို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အသက် ၂၆ နှစ်အရွယ် အဲဒီအမျိုးသမီးရဲ့ အမည်ကိုတော့ အေလို့ သတင်းမှာဖော်ပြပြီး ၈ နှစ်အရွယ် သမီးနဲ့ ၈ လသားအရွယ် သားတွေကို ပြုစုစောင့်ရှောက်နေရတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ချင်းမိုင်တောင်ပိုင်း သာခမ်ခရိုင်တွင်းမှ နေအိမ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး သူဟာ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကွဲနေခဲ့ကာ ကလေး ၂ ဦးအပေါ် ခင်ပွန်းက ထောက်ပံ့မှုမပေးတဲ့အတွက် ခုလိုလုပ်ခဲ့ရတာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ အမျိုးသမီးဟာ သမီးဖြစ်သူရဲ့ ဦးခေါင်းနဲ့ လက်တွေကို ဓားနဲ့ ၃ ကြိမ်ထိုးခဲ့ချိန်မှာ ကလေးငယ်က လမ်းမပေါ် ပြေးထွက်ပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့တာကို အိမ်နီးချင်းတွေက တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ ဒါ မတော်တဆမှုဖြစ်မယ်လို့ ထင်ခဲ့ကြပေမယ့် ရဲတွေကို အကူအညီတောင်းပြီး ရောက်လာခဲ့ချိန်မှာတော့ နေအိမ်အတွင်း သွေးအိုင်ထဲမှာ လဲကျနေတဲ့ သူတို့သားအမိတွေကို တွေ့ရှိခဲ့ကြတာပါ။ လသားအရွယ် သားဖြစ်သူမှာတော့ ရင်ဘတ်နဲ့ ခြေထောက်မှာ ဓားဒဏ်ရာ ၄ ချက် ရရှိထားပြီး မိခင် အမျိုးသမီးရဲ့ ရင်ဘတ်မှာတော့ ဓားဒဏ်ရာ အချက် ၂၀ လောက် စစ်ဆေးတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ကို ဆေးရုံတင်ပို့ထားရကာ ဒဏ်ရာအခြေအနေ ပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အမျိုးသမီးရဲ့ မိခင်ဖြစ်သူကတော့ သမီးဖြစ်သူ ဒီလိုလုပ်မယ့် အရိပ်လက္ခဏာ ဘာမှမတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up