Home
မြန်မာသတင်း
လွှတ်​တော်တက်​ရေး​ မ​သေချာ​သေး​ဟု အန်အယ်လ်ဒီ ​ပြောကြား
ပီတာအောင်
·
April 20, 2012
ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အနိုင်ရသွား​တဲ့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က လွှတ်​တော်ကိုယ်စား​လှယ်သစ်​တွေအ​နေနဲ့​ ဧပြီ ၂၃ ရက်​နေ့​ ကျင်း​ပမယ့်​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ပါဝင်တက်​ရော်ဖို့​ မ​သေချာ​သေး​ဘူး​လို့​ ပါတီက ထုတ်​ဖော်​ပြောကြား​လိုက်ပါတယ်။ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ဥာဏ်ဝင်း​က “၂၃ ရက်​နေ့​မှာ တက်ရမယ့်​ လွှတ်​တော်အစည်း​အ​ဝေး​ကို အန်အယ်လ်ဒီ လွှတ်​တော်ကိုယ်စား​လှယ်​တွေ တက်ဖို့​မ​သေချာ​သေး​ပါဘူး​ ကျ​နော့်​အမြင်​တော့​ မီနိုင်​လောက်တဲ့​ အ​နေအထား​မ​တွေ့​ဘူး​။ ၂၃ ရက်​နေ့​ကို မတက်ဖြစ်တဲ့​ရာခိုင်နှုန်း​က များ​ပါတယ်” လို့​ဒီ​နေ့​ ပါတီဌာနချုပ်မှာ သတင်း​ထောက်​တွေကို ​ပြောကြား​ခဲ့​ပါတယ်။ မ​နေ့​က ​နေပြည်​တော်မှာရှိတဲ့​ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ကို ခုံရုံး​ရဲ့​ဖိတ်ကြား​ချက်အရ သွား​ရောက်ခဲ့​တဲ့​အ​ကြောင်း​နဲ့​ အ​ခြေခံဥပ​ဒေ ဇယား​ (၄) ပါ လွှတ်​တော်ကိုယ်စား​လှယ်​တွေ ကျမ်း​သစ္စာကျိမ်ဆိုရမယ့်​ ကိစ္စနဲ့​ပတ်သက်ပြီး​ ခုံရုံး​က ဥပ​ဒေအမြင်​တွေ ရှင်း​ပြခဲ့​တယ်လို့​ဆိုပါတယ်။ အ​ခြေခံဥပ​ဒေ ဇယား​ (၄) မှာပါတဲ့​အတိုင်း​ အ​ခြေခံဥပ​ဒေကို ထိန်း​သိမ်း​ကာကွယ်​စောင့်​ရှောက်ရမယ် (အင်္ဂလိပ်ဘာသာနဲ့​ UP HOLD) ဆိုတာ နိုင်ငံအသီး​သီး​မှာ ကျင့်​သုံး​နေတဲ့​ ကိစ္စလို့​ ခုံး​ရုံး​က အန်အယ်လ်ဒီပါတီကို ရှင်း​ပြခဲ့​တယ်လို့​ဆိုပါတယ်။ ဒါ​ပေမယ့်​ ဒီအချက်ကို အန်အယ်လ်ဒီပါတီက​ရော ​ဒေါ်​အောင်ဆန်း​စုကြည်ကပါ သ​ဘော မတူ​ကြောင်း​နဲ့​ ဒီကိစ္စပြီး​ပြတ် ​ပြေလည်​အောင် သက်ဆိုင်ရာကို စာ​ရေး​ပြီး​ ဆက်လက်ကြိုး​ စား​သွား​မယ်လို့​ အန်အယ်လ်ဒီပါတီက ​ပြောပါတယ်။ “ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ထိန်း​သိမ်း​ကာကွယ်​စောင့်​ရှောက်ရမည်” ဆိုတဲ့​ စာသား​နေရာမှာ “ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ​လေး​စား​လိုက်နာရမယ်” လို့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ပြင်ဆင်​ပေး​ခဲ့​တဲ့​အတွက် အန်အယ်လ်ဒီပါတီက ပါတီမှတ်ပုံတင်ပြီး​ ​ရွေး​ကောက်ပွဲဝင်ခဲ့​တာဖြစ်ပါတယ်။ အခု လွှတ်​တော်တက်ဖို့​ကျမ်း​ကျိမ်ရမယ့်​ကိစ္စမှာလည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ထိန်း​သိမ်း​ကာကွယ်​စောင့်​ရှောက်ရမည်ဆိုတဲ့​ စာသား​ကို လက်မခံနိုင်တဲ့​အတွက် ခုလို လွှတ်​တော်တက်ဖို့​အ​ရေး​ အခက်​တွေ့​နေတာ ဖြစ်ပါတယ်။ နိုင်ငံပိုင် မီဒီယာ​တွေမှာ​တော့​ လွှတ်​တော်အသီး​သီး​ရဲ့​ တတိယ ပုံမှန်အစည်း​အ​ဝေး​တွေကို ​နေပြည်​တော် လွှတ်​တော်အစည်း​အ​ဝေး​ခန်း​မ​တွေမှာ ဧပြီ ၂၃ ရက်​နေ့​ ကျင်း​ပမှာဖြစ်တဲ့​အတွက် လွှတ်​တော်ကိုယ်စား​လှယ်​တွေအ​နေနဲ့​ ​နေပြည်​တော်လွှတ်​တော်ရုံး​ကို ဧပြီ ၂၂ ရက်ထက် ​နောက်မကျ​စေဘဲ ဆက်သွယ်သတင်း​ပို့​ကြဖို့​အ​ကြောင်း​ကြား​ထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024