A d v e r t i s e m e n t With Us

အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် တူရကီသမ္မတ ကြေညာ

ဓာတ်ပုံ - Reuters
အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ထိပ်သီးအစည်းအဝေးမှာ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်း မြို့တော်အဖြစ် တူရကီသမ္မတ အာဒိုဂန်က ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ အိုအိုင်စီ ထိပ်သီးအစည်းအဝေးမှာ တူရကီသမ္မတ အာဒိုဂန်က အခုလို ကြေညာလိုက်တာပါ။ “ဂျေရုဆလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် အသိမှတ်မပြုရသေးတဲ့ နိုင်ငံတွေ အခုချိန်မှာ လက်ခံကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ပဲ ကျနော်တို့ဟာ အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်း မြို့တော်အဖြစ် ကြေညာလိုက်ပါပြီ။” ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ကလည်း “အမေရိကန်နိုင်ငံဟာ ရိုးသားမှုရှိတဲ့ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်သူ မဟုတ်တော့ပါဘူး။ ပါလက်စတိုင်း၊ အာရပ်နဲ့ မွတ်ဆလင် နိုင်ငံတွေအနေနဲ့ အမေရိကန်နိုင်ငံကို ငြိမ်းချမ်းရေး ဆောင်ရွက်သူအဖြစ် လက်မခံတော့ပါဘူး။ အကြောင်းကတော့ ငြိမ်းချမ်းရေး ဆောင်ရွက်သူဟာ အခြေခံလိုအပ်ချက်အနေနဲ့ ရိုးသားမှုရှိရမယ်။ ယထာဘူတ ကျရပါမယ်” လို့ ပြောပါတယ်။ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့လို့ခေါ်တဲ့ အိုအိုင်စီအဖွဲ့ကို ၁၉၆၉ ခုနှစ်က တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိကာ လူဦးရေ စုစုပေါင်း ၁ ဒသမ ၆ ဘီလျံျေကျာ် ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up