ယီမင်မြို့တော်ရှိ ရဲစခန်းကို ဒုံးကျည်ထိမှန်၊ အနည်းဆုံး ၃၅ ဦး သေဆုံး

ဓာတ်ပုံ - Reuters
1.5K
ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံမြို့တော် ဆာနာရှိ ရဲစခန်းတခုကို ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၃၅ ဦး သေဆုံးကာ ၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတဦးက “မနက် ၁ နာရီ မထိုးခင် ပထဆုံးဒုံးကျည် ထိမှန်တယ်။ အဲဒါနဲ့ ကျနော်တို့ ဒဏ်ရာရသူတွေကို သွားကယ်တယ်။ နောက် ဒုံးကျည်တွေ တစင်းပြီးတစင်း ၇ စင်းအထိ ဆက်တိုက်ကျလာတယ်။ ၃ စင်းက အကျဉ်းသားတွေ ထိန်းသိမ်းထားတဲ့ အဆောက်အဦတွေကို သွားထိတယ်။ ကျန်တဲ့ဒုံးကျည်တွေကတော့ ရဲစခန်းအလယ်က အဆောက်အဦတွေကို သွားမှန်တယ်” လို့ ပြောပါတယ်။
အဲဒီရဲစခန်းမှာ အထိန်းသိမ်းခံစစ်သား အများအပြားကို ဖမ်းဆီးထားတာဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်အများအပြား ပျက်စီးခဲ့ပြီး အနီးဝန်းကျင်အိမ်တွေရဲ့ ပြတင်းတံခါးတွေ ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ဟူသီသူပုန်တွေရဲ့ လက်ချက်နဲ့ ယီမင်သမ္မတဟောင်း အဗ္ဗဒူလ်ဆာလာ သေဆုံးခဲ့ပြီးနောက် ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဟာ မြို့တော် ဆာနာဝန်းကျင်ရှိ ဟူသီသူပုန် ပစ်မှတ်တွေကို လေကြောင်းစစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။