ဆီဗီလာကွင်းလယ်လူကို အာဆင်နယ် ခေါ်ယူရန် သဘောတူညီမှုရ

ဓာတ်ပုံ - အေအက်ဖ်ပီ
474
အာဆင်နယ်အသင်းဟာ ဆီဗီလာကွင်းလယ်ကစားသမား အန်ဇွန်ဇီကို ပေါင် ၃၅ ဒသမ ၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။
စပိန်သတင်းစာတစောင်ဖြစ်တဲ့ El Gol ရဲ့ အဆိုအရ အာဆင်နယ်အသင်းဟာ အန်ဇွန်ဇီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ ဒသမ ၂ သန်းနဲ့အတူ ဆုကြေးအဖြစ် ပေါင် ၂ ဒသမ ၆ သန်း ပေးရမယ်လို့ ဆိုပါတယ်။
အပြီးသတ်စာချုပ် ချုပ်ဆိုမှုကိုတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချုပ်ဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၂၈ နှစ်ရှိ ပြင်သစ်ကစားသမား အန်ဇွန်ဇီဟာ လီဗာပူးနဲ့ ၃ ဂိုးစီ သရေကျတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နည်းပြနဲ့ အဆင်မပြေဖြစ်ခဲ့လို့ လူစားလဲခံခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာမယ်လို့ တရားဝင် ပြောဆိုခဲ့ပါတယ်။
အန်ဇွန်ဇီဟာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ဘလက်ဘန်းနဲ့ စတုတ်စီးတီးအသင်းတွေမှာ ကစားခဲ့တဲ့ ၆ နှစ်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂၀၀ နီးပါး ကစားခဲ့သူဖြစ်ပါတယ်။