A d v e r t i s e m e n t With Us

ဖားကန့်မြို့မရဲစခန်းအနီး ပေါက်ကွဲမှု သုံးကြိမ်ဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့မရဲစခန်းနား အနီးတဝိုက်ရှိ လမ်းဘေးနေရာ သုံးနေရာ၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ည ၁၁ နာရီကျော်က ပေါက်ကွဲမှု သုံးကြိမ်ဆက်တိုက် ပေါက်ပွဲမှု ဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က သိရပါတယ်။ အဆိုပါ ပေါက်ကွဲမှုဟာ ဖားကန့်မြို့မရဲစခန်းမှ သုံးဖာလုံခန့်အကွာနေရာ တနေရာ၊ မြို့မရဲစခန်းမှ အရှေ့ဘက် သုံးဖာလုံအကွာ တနေရာနဲ့ ရဲစခန်းမှ တောင်ဘက်ရှိ တနေရာမှာ သုံးကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက သိရပါတယ်။ ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချို (ခ)ခင်မောင်မြင့်က “ဖားကန့်မြို့မ ရဲစခန်းအနောက်ဘက်က မြင့်မိုရ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်နားမှာ ည ၁၁ နာရီကျော်က ပေါက်ကွဲမှု သုံးကြိမ် ဖြစ်တယ်။ သုံးလုံး ဆင့်ပေါက်ကွဲတယ်။ အပြင်မှာပါပဲ။ အသံပါပဲ”လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up