တာချီလိတ်တွင် ခရီးကြမ်း ကီလို ၅၀ စက်ဘီးပြိုင်ပွဲ ကျင်းပမည်
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ခရီးကြမ်း ကီလို ၅၀ Mountain Bike စက်ဘီးပြိုင်ပွဲကို တာချီလိတ်မှာ ကျင်းပဖို့ရှိလို့ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
ဒီဇင်ဘာ ၁၇ ရက်၊ တနင်္ဂနွေ မနက် ၈ နာရီမှာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့ကနေ စတင်တာထွက်ပြီး မိုင်းဖုန်း(က) အုပ်စု၊ ဝမ်ပုံ (အထက-ခွဲ)မှာ ပန်းဝင်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် စက်ဘီးသမားတွေအတွက် ဆုကြေးငွေတွေ ချီးမြှင့်ပေးမှာဖြစ်ပြီး ပြိုင်ဘီး ၅ စီး မဲဖောက်ပေးမယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးရုံးသတင်းမှာ ဖော်ပြပါတယ်။
အပျော်တမ်း စက်ဘီးစီး ဝါသနာရှင်တွေ၊ စက်ဘီးပြိုင်ပွဲဝင်မယ့် စက်ဘီး အားကစားသမားတွေ ပျော်ပျော်ပါးပါး စက်ဘီးစီးနိုင်ဖို့ ဒီဇင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ ရှမ်းရိုးမကွင်းရှေ့ကို အရောက်စုစည်းကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။