တာချီလိတ်တွင် ခရီးကြမ်း ကီလို ၅၀ စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ  ခရီးကြမ်း ကီလို ၅၀ Mountain Bike စက်ဘီးပြိုင်ပွဲကို  တာချီလိတ်မှာ ကျင်းပဖို့ရှိလို့ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖိတ်ခေါ်ထားပါတယ်။ ဒီဇင်ဘာ ၁၇ ရက်၊ တနင်္ဂနွေ မနက် ၈ နာရီမှာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့ကနေ  စတင်တာထွက်ပြီး မိုင်းဖုန်း(က) အုပ်စု၊ ဝမ်ပုံ (အထက-ခွဲ)မှာ ပန်းဝင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် စက်ဘီးသမားတွေအတွက် ဆုကြေးငွေတွေ ချီးမြှင့်ပေးမှာဖြစ်ပြီး ပြိုင်ဘီး ၅ စီး မဲဖောက်ပေးမယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးရုံးသတင်းမှာ ဖော်ပြပါတယ်။ အပျော်တမ်း စက်ဘီးစီး ဝါသနာရှင်တွေ၊ စက်ဘီးပြိုင်ပွဲဝင်မယ့် စက်ဘီး အားကစားသမားတွေ ပျော်ပျော်ပါးပါး စက်ဘီးစီးနိုင်ဖို့  ဒီဇင်ဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့ ရှမ်းရိုးမကွင်းရှေ့ကို အရောက်စုစည်းကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up