A d v e r t i s e m e n t With Us

အီကွေဒေါ ဒု-သမ္မတကို လာဘ်စားမှုဖြင့် ထောင်ဒဏ် ၆ နှစ်ချ

ဓာတ်ပုံ - Reuters
အီကွေဒေါ ဒု-သမ္မတကို လာဘ်စားမှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။ အီကွေဒေါ ဒု-သမ္မတ ဟိုးဟေး ဂလပ်စ်ဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ တခုဆီကနေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း လာဘ်ငွေရယူခဲ့တယ်လို့ အီကွေဒေါ တရားရုံးတရုံးက ဒီဇင်ဘာ ၁၃ ရက်မှာ ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ အီကွေဒေါ ဒု-သမ္မတ ဟိုးဟေး ဂလပ်စ်ဟာ အရင်သမ္မတ ရာဖေးကော်ရီယာလက်ထက် ၂၀၁၃ ခုနှစ်ကစပြီး လက်ရှိသမ္မတ လန်နင်မိုရီနို လက်ထက်အထိ ဒု-သမ္မတတာဝန် ထမ်းဆောင်ခဲ့တာပါ။ ဒု-သမ္မတ ဟိုးဟေးကို အရင်သမ္မတလက်ထက် အစိုးရ ထိပ်ပိုင်းတာဝန် ထမ်းဆောင်ခဲ့သူတွေကလည်း လာဘ်စားမှုနဲ့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ သူဟာ မဟာဗျူဟာပိုင်းဆိုင်ရာ ဝန်ကြီးဘဝနဲ့ ဒု-သမ္မတတာဝန် ယူထားချိန်မှာ လာဘ်စားခဲ့တယ်လို့ အရင်သမ္မတလက်ထက် အစိုးရ ထိပ်ပိုင်းတာဝန် ထမ်းဆောင်ခဲ့သူတွေက စွပ်စွဲထားတာပါ။ လက်ရှိသမ္မတလက်ထက် အခုနှစ် သြဂုတ်လမှာ သူ့ကို ဒု-သမ္မတရာထူးကနေ ဆိုင်းငံ့ထားခဲ့ပြီး အောက်တိုဘာလမှာ တရားမစီရင်မီ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒု-သမ္မတ ဟိုးဟေးဟာ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အော်ဒါဘရက်ခ်ျနဲ့ အစိုးရတို့အကြား လိမ်လည်ချုပ်ဆိုထားတဲ့ စာချုပ်အတွက် ကုမ္ပဏီထံက လာဘ်ငွေရယူခဲ့တာလည်း ဖြစ်ပါတယ်။ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီ အော်ဒါဘရက်ခ်ျဟာ နိုင်ငံအတော်များများမှာ ကန်ထရိုက်စာချုပ် ရဖို့အတွက် လာဘ်ငွေပေးအပ်ခဲ့တယ်လို့ ဝန်ခံပြောကြားထားပါတယ်။ ကုမ္ပဏီဟာ အမေရိကန်၊ ဘရာဇီးနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ဆောက်လုပ်ရေးစာချုပ် ချုပ်ဆိုနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၅၀၀ ပေးခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဘရာဇီး ဆောက်လုပ်ရေးကုမ္ပဏီဟာ အီကွေဒေါနိုင်ငံမှာ ကန်ထရိုက်စာချုပ် ရဖို့အတွက် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်း လာဘ်ငွေပေးခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up