A d v e r t i s e m e n t With Us

သေနတ် ၁၂ လက်ဝှက်သယ်ပြီး ထောင်တွင်းဝင်ရောက်ရန် ကြိုးစားသည့် အမျိုးသမီးကို ဖမ်းဆီး (ရုပ်သံ)

ဘရာဇီးအကျဉ်းထောင်တခုတွင်းကို သေနတ် ၁၂ လက် ဝှက်သယ်ပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတဦးကို လုံခြုံရေးဝန်ထမ်းတွေက ဖမ်းဆီးခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီအမျိုးသမီးဟာ လက်နက်တွေကို သူ့ရဲ့ တီရှပ်အင်္ကျီပွပွအောက်မှာ ပတ်ချည်ကာ ယူဆောင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လုံခြုံရေးဝန်ထမ်း အမျိုးသားတွေက အမျိုးသမီးရဲ့  ခန္ဓာကိုယ်ပေါ်မှာ ဝှက်သယ်လာတဲ့ သေနတ်တွေကို စနစ်တကျ ဖယ်ရှားနေခဲ့ကြတာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘယ်အကျဉ်းထောင်မှာ ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ သတင်းမှာ မဖော်ပြမထားပါဘူး။ ဘရာဇီးနိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း သေနတ်ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၄ သောင်းလောက် သေဆုံးနေရပြီး နိုင်ငံအတွင်း သေနတ်ပစ်ခတ် အကြမ်းဖက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာပါ။ ဘရာဇီးနိုင်ငံမှာ လူတော်တော်များများဟာ အလုပ်မသွားခင် လူမှုကွန်ရက်ပေါ်က သေနတ်ပစ်ခတ် အကြမ်းဖက်မှု သတိပေးချက်တွေကို စစ်ဆေးကြည့်ရှုပြီးမှ သွားလာနေကြပြီး လူဦးရေ ၆ ဒသမ ၅ သန်းရှိတဲ့ ရီယိုဒီဂျနဲရိုးမြို့မှာဆိုရင် စာသင်ကျောင်းတွေ အနီးအနားမှာဖြစ်တဲ့ သေနတ်ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် မကြာခဏ အတန်းတွေ ဖျက်ရတယ်လို့ သည်နယူးယော့ခ်တိုင်းမ်စ်သတင်းက ဆိုပါတယ်။ လာဘ်စားမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ လောင်စာဆီဈေးနှုန်း ကျဆင်းမှုတွေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ မြင့်တက်လာမှုက ဘရာဇီးနိုင်ငံရဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြစ်ပေါ်စေတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up