A d v e r t i s e m e n t With Us

လီဗာပူးကွင်းလယ်လူ လယ်လာနာ ဒဏ်ရာသက်သာပြီး ပြန်လည်ပွဲထွက်နိုင်တော့မည်

လီဗာပူးကွင်းလယ်လူ လယ်လာနာဟာ ဒဏ်ရာကနေ သက်သာလာတာကြောင့် လာမယ့်အပတ်မှာ တွေ့ဆုံမယ့် ဘုန်းမောက်နဲ့ပွဲမှာ ပြန်လည်ပွဲထွက်နိုင်မယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်ရှိ လယ်လာနာဟာ ပေါင်ဒဏ်ရာကြောင့် ရာသီအစကတည်းက အနားယူနေရသူဖြစ်ပြီး နိုဝင်ဘာလအတွင်းက ချဲလ်ဆီးနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပေမယ့် ဒဏ်ရာ အရှင်းမပျောက်သေးတာကြောင့် ဆက်ပြီး အနားယူခဲ့ရတာပါ။ လယ်လာနာဟာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီဖြစ်တာကြောင့် လာမယ့်အပတ်မှာ ပြန်လည်ပါဝင်လာနိုင်ပြီး အသင်းကလည်း သူ့ကို လိုအပ်နေတယ်လို့ နည်းပြ ဂျာဂန်ကလော့ပ်က ဆိုပါတယ်။ လီဗာပူးအသင်းမှာ နောက်ခံလူတွေဖြစ်တဲ့ ဂျိုယေးမာတစ်နဲ့ မိုရီနိုတို့လည်း ဒဏ်ရာရနေပြီး ပြန်လည်ကစားနိုင်ဖို့ အချိန်ကြာဦးမယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up