Home
မြန်မာသတင်း
မူဆယ်ဗုံး​ကွဲ၊​ လဝကအရာရှိ (၁) ဦး​ ​သေဆုံး
ပီတာအောင်
·
April 20, 2012
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့​ ၁၀၅ မိုင်မှာ ဒီ​နေ့​ မနက်အ​စောပိုင်း​က ဗုံး​ပေါက်ကွဲမှုတခု ဖြစ်ပွား​ခဲ့​တာ​ကြောင့်​ လူ ၁ ဦး​ ​သေဆုံး​သွား​တယ်လို့​ မူဆယ်​ဆေး​ရုံက အတည်ပြုပါတယ်။ ​ပေါက်ကွဲမှုဖြစ်ပွား​ရာ အနီး​အနား​က ​ဒေသခံ​တွေက မနက် ၅ နာရီ ​ကျော်​လောက်က ခရီး​သည်တင် ယာဉ်ငယ်​တွေကို စစ်​ဆေး​တဲ့​ ဂိတ်အနီး​မှာ ​ပေါက်ကွဲခဲ့​တာလို့​ ဆိုပါတယ်။ ဒီ​ပေါက်ကွဲမှုမှာ အသက် ၃၉ နှစ်အရွယ် လူဝင်မှု ကြီး​ကြပ်​ရေး​ဌာနက အရာရှိတဦး​ ဦး​ခေါင်း​ဒဏ်ရာနဲ့​ ​သေဆုံး​သွား​တယ်လို့​ မူဆယ် ​ဆေး​ရုံက စုံစမ်း​သိရပါတယ်။ မူဆယ် ၁၀၅ မိုင်မှာ အရင်ကလည်း​ အလား​တူ​ပေါက်ကွဲမှု​တွေ ဖြစ်ခဲ့​ဖူး​ပြီး​ ဒီဗုံး​ခွဲမှုဟာ ဘယ်သူ့​လက်ချက်လဲဆိုတာက​တော့​ မသိရ​သေး​ပါဘူး​။ မူဆယ် ရဲစခန်း​ကို ဒီဗွီဘီက ဆက်သွယ် ​မေး​မြန်း​ကြည့်​ရမှာ လျှိ့​ဝှက်ချက် ဖြစ်​နေလို့​ အ​ရေး​ယူခံရမှာ စိုး​ရိမ်တဲ့​အတွက် ​ဖြေကြား​လို့​ မရဘူး​လို့​ မူဆယ်မြို့​နယ်မှူး​ ရုံး​ခန်း​က တုံ့​ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024