Home
မြန်မာသတင်း
တနင်္သာရီတွင် WY စိတ်ကြွဆေးပြား ၁၂,၀၀၀ ဖမ်းဆီးရမိ
DVB
·
December 14, 2017
တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သံတိုက်ကျေးရွာမှာ ကာလပေါက်ဈေး ကျပ်သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့  WY စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ တနင်္သာရီရဲစခန်းက သိရပါတယ်။ ကျွန်းစုမြို့နယ်၊ ချောင်းကြီးဝကျေးရွာနေ ဇော်ဌေး (၃၀)နှစ်ဟာ ဒီဇင်ဘာ ၁၃ ရက်က သံတိုက်ကျေးရွာကို ဆိုင်ကယ်နဲ့ ရောက်ရှိလာစဉ် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ဝင်တွေက မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ကို ထားပြီးထွက်ပြေးသွားတာလို့ တနင်္သာရီရဲစခန်းမှူး ဒုရဲမှူး တင်အောင်က ပြောပါတယ်။ “ဆိုင်ကယ်နဲ့သံတိုက်ရွာထဲဝင်လာတဲ့ဇော်ဌေးကို မသင်္ကာလို့ ဆိုင်ကယ်ကို ရပ်ခိုင်းပြီးစစ်ဆေးဖို့ လုပ်တာ ဇော်ဌေးက ဆိုင်ကယ်ထားပြီး ထွက်ပြေးသွားတယ်။ ဆိုင်ကယ်ရဲ့ခြေနင်းခုံမှာ တင်ထားတဲ့ မုန့်ပုံးတပုံး တွေ့တယ်။ MANA အဖွဲ့က ဆိုင်ကယ်နဲ့ မုန့်ပုံးကို တကူအုပ်ချုပ်ရေးမှူးရုံးကို ယူသွားပြီး သက်သေတွေရှေ့မှာဖွင့်ဖောက်ကြည့်တော့ WY မူးယစ်ဆေးပြား ၁၂,၀၀၀ ပြားတွေ့တယ်။ ကာလတန်ဖိုး သိန်း ၆၀၀ ရှိတယ်"လို့ ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ ဇော်ဌေးကို ဖမ်းဆီးရမိရေး တကူရဲကင်းစခန်းက ဆောင်ရွက်နေပြီး မူးယစ်ဆေး ရောင်းချဖြန့်ဖြူးဖို့ သယ်ဆောင်လာသူ ဇော်ဌေးကို တနင်္သာရီရဲစခန်းမှာ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024