မုံရွာအလဲဗင်းသတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရခြင်း ၁ နှစ်ပြည့် အခမ်းအနားပြုလုပ်




1.8K
မုံရွာအလဲဗင်းသတင်းထောက် လုပ်ကြံသတ်ဖြတ်ခံရခြင်း ၁ နှစ်ပြည့်အောက်မေ့ဖွယ် အခမ်းအနားကိ မုံရွာသတင်းသမားများကွန်ရက်နဲ့ မုံရွာမြို့ခံ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူမှု ကူညီရေးအသင်းတွေ ပူးပေါင်းပြီး မုံရွာမြို့ ကန်သာယာကျောက်တိုင်ကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို သတင်းထောက် စိုးမိုးထွန်း မိသားစုဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေလည်းတက်ရောက်ခဲ့ပြီး အောက်မေ့ဖွယ် အမှတ်တရစကားတွေပြောကြားခဲ့ပါတယ်။
၂၀၁၆ ဒီဇင်ဘာ ၁၃ ရက် မနက် ၁နာရီခန့်အချိန်က မုံရွာမြို့ ပြည်ထောင်စုလမ်းဘေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလိုလုပ်ကြံသတ်ဖြတ်ခံရတာ ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အချိန်ထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။