A d v e r t i s e m e n t With Us

ကင်ညာတွင် ကား ၁၃ စီး ဆင့်တိုက်မှုဖြစ်၊ အနည်းဆုံး လူ ၁၅ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ကင်ညာနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အဝေးပြေးလမ်းမမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ကား ၁၃ စီး ဆင့်တိုက်မှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ကင်ညာနိုင်ငံမှာရှိတဲ့ အယ်လ်ဒိုရက် နာကူရာ အဝေးပြေးလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်မဆမှုကြောင့် ယာဉ်တိုက်မှုဖြစ်ရာ နေရာမှာပင် လူ ၁၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ကျန် ၂ ဦးမှာ ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတာဖြစ်တယ်လို့ ကင်ညာနိုင်ငံ နာကူရာဒေသ ရဲချုပ် ဟာဆန်ဘာရူအာက ပြောပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းမှာ ထရပ်ကားတစင်းဟာ အရှိန်မထိန်းနိုင်ဖြစ်ပြီး မျက်နှာချင်းဆိုင်ကလာတဲ့ ဘတ်စ်ကားတစီး အပါအဝင် ကားတွေကို တိုက်မိခဲ့တာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up