A d v e r t i s e m e n t With Us

တားမြစ်ဆေးသုံးခဲ့သည့် ရုရှား ရေခဲပြင်ဟော်ကီအသင်းသား ၆ ဦးကို တသက်တာ ပွဲပယ်

ဓာတ်ပုံ - Michelle Jay
ဆိုချီအိုလံပစ်ပြိုင်ပွဲမှာ တားမြစ်ဆေးသုံးစွဲခဲ့တဲ့ ရုရှား အမျိုးသမီး ရေခဲပြင် ဟော်ကီအသင်းသား ၆ ဦးကို အိုလံပစ်ကော်မတီက တသက်တာပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ရုရှားအားကစားသမား ၃၁ ဦးဟာလည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၄ ဆိုချီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ တားမြစ်ဆေးသုံးစွဲခဲ့လို့ ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ အနေနဲ့ ကစားသမားတွေ တားမြစ်ဆေးသုံးစွဲပြီး ဝင်ရောက်ယှဉ်ပြိုင်တာကို အပြင်းအထန် တားမြစ်ထားတာပါ။ ရုရှား အမျိုးသမီး ရေခဲပြင်ဟော်ကီအသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၄ ဆိုချီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ခဲ့ပြီး ဆွစ်ဇာလန်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီလို ရှုံးနိမ့်ခဲ့ပေမယ့် တားမြစ်ဆေးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ တသက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ ကျင်းပမှာဖြစ်ပြီး အားကစားနည်း ၁၅ မျိုး ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up