ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၁,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ အိတ်ကို ၂၀၀ ကျပ်လောက်သာ ဈေးကျဆင်းသွားခဲ့ပေမယ့် မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ ၁ အိတ်ကို ၂,၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ၁ အိတ်ကို ၃၅,၇၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၃,၅၀၀ ကျပ်ကနေ ၃၃,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက ၁ အိတ်ကို ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပေမယ့် မန္တလေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၃,၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂,၀၀၀ ကျော် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
ရန်ကုန် ကုန်စည်ဒိုင်မှာ ကုလားပဲလုံး v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၉၂,၇၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ကုလားပဲ အများဆုံးဝင်တဲ့ မန္တလေး ကုန်စည်ဒိုင်မှာတာ့ ၁ အိတ်ကို ငွေကျပ် ၁၀၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်မှာတော့ ကုလားပဲက ၁ အိတ်ကို ၇,၀၀၀ ကျပ်ကျော် ဈေးတက်လာပြီး မန္တလေးမှာတော့ ၁ အိတ်ကို ၃,၀၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၉၀,၀၀၀ ကျပ်ကျော် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၅,၀၀၀ ပေါက်ဈေးရှိပြီး နှမ်းအများဆုံးဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၈,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုကတော့ ၁ အိတ်ကို ၁၀၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၃,၅၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ ၁ အိတ်ကို ၄၀၀၀ ကျပ်ကျော် ဈေးကွားခြားမှု ရှိပါတယ်။
ကြက်သွန်နီ
မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၁,၉၀၀ ကျပ် ပေါက်ဈေးရှိပြီး ကြက်သွန်နီ အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၁,၉၅၀ ကျပ် ပေါက်ဈေးရှိပါတယ်။
ဖော်ပြခဲ့တဲ့ သီးနှံဈေးနှုန်းတွေထဲက မတ်ပဲနဲ့ ပဲစင်းငုံကတော့ ဒီနေ့မှာ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ဒေသတွင်း ဝယ်လက်တွေ များခဲ့တဲ့အတွက် ပြီးခဲ့တဲ့အပတ်ကတော့ တဖြည်းဖြည်း ဈေးတက်ခဲ့ပေမယ့် ဒီတပတ်မှာတော့ ဈေးက ကျဆင်းခဲ့ပါတယ်။
ပြည်ပကို အဓိက တင်ပို့နေပေမယ့် တင်ပို့ခွင့်ကို ကန့်သတ်ထားတဲ့အတွက်ကြောင့် ပြည်ပ အရောင်းအဝယ်က အနည်းငယ်သာ ရှိပါတယ်။ ပြည်တွင်းမှာ ဝယ်လက်များရင် ဈေးတက်ပြီး ဝယ်လက်နည်းရင် ဈေးကျတဲ့ အခြေအနေမှာ ရှိနေပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA