ပြည်နယ်တိုင်း ၈ ခုတွင် အအေး ပိုလာနိုင်
DVB
·
December 13, 2017
လာမယ့်အပတ်ထဲ ရန်ကုန်နဲ့ မန္တလေးတိုင်း အပါအ၀င် ပြည်နယ်တိုင်း ၈ခုမှာ အအေး ပိုလာနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်ကနေ ၂၀ ရက်အတွင်း အအေးပိုလာနိုင်တာဖြစ်ပြီး ညအပူချိန်များ အနေနဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း မှာ ၂၀°C ကနေ ၂၄° ခန့် ရှိနိုင်ပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်းတို့မှာ ၁၆°Cကနေ ၂၀°C ခန့်၊ ကချင်ပြည်နယ်မြောက်ပိုင်းစွန်းမှာ အနုတ် 4°Cကနေ ၈°C ခန့်၊ ကျန်ဒေသများမှာ ၈°Cကနေ ၁၆°C ခန့် ရှိနိုင်ပါတယ်။