A d v e r t i s e m e n t With Us

တရုတ်-ရုရှား သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး အရှိန်မြှင့်လုပ်ဆောင်

ဓာတ်ပုံ - ရိုက်တာ
တရုတ်-ရုရှား သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းကို တရုတ်က အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အရှေ့ပိုင်း သဘာဝဓာတ်ငွေ့လမ်းကြောင်း တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ မြောက်ပိုင်းဒေသမှာရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို တပ်ဆင်နေတာလည်း ဖြစ်ပါတယ်။ ရုရှားကနေ တရုတ်ကို ပို့လွှတ်ရောင်းချမယ့် ဓာတ်ငွေ့ပိုက်လိုင်းဟာ တရုတ်ပြည်နယ် ၉ ခုကို ဖြတ်သန်းသွားပြီး ရှန်ဟိုင်းအထိ ရောက်ရှိမှာဖြစ်ပါတယ်။ ပိုက်လိုင်းအချင်းဟာ ၁၄၄၂ မီလီမီတာရှိပြီး တနှစ်ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၈ ဘီလီယံထိ ပို့လွှတ်မှာဖြစ်ပါတယ်။ အဲဒီ ဓာတ်ငွေ့ပမာဏဟာ တရုတ်တနိုင်ငံလုံး ဓာတ်ငွေ့သုံးစွဲမှု ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းထိရှိတာ ဖြစ်ပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ၂၀၁၄ ခုနှစ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ ထိ တန်ဖိုးရှိတဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုထားပါတယ်။ အဲဒီစာချုပ်အရ ရုရှားကနေ တရုတ်ကို နှစ်စဉ် သဘာဝဓာတ်ငွေ့ ၃၈ ဘီလီယံ ကုဗမီတာနှုန်းနဲ့ နှစ် ၃၀ ထိ ပို့လွှတ်သွားမှာပါ။ အဲဒီ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုကို ၂၀၁၈ ခုနှစ်မှာ စတင်မှာဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up