ပြည်နယ်နှင့်တိုင်း သိုင်းပြိုင်ပွဲ နေပြည်တော်တွင် စတင်ကျင်းပ

1.6K
သိုင်းအားကစားသမား ၁၈၀ကျော်ပါဝင်ယှဉ်ပြိုင်နေတဲ့ ၂၀၁၇ ခုနှစ် ပြည်နယ်နှင့်တိုင်း မြန်မာ့သိုင်းပြိုင်ပွဲကို နေပြည်တော်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။
ဒီဇင်ဘာ ၁၃ရက်ကနေ ၁၈ရက်အထိ ယှဉ်ပြိုင်ကစားမယ့် သိုင်းပြိုင်ပွဲမှာ ပြည်နယ်နှင့်တိုင်း အသီးသီးရှိ အမျိုးသား ၁၃ သင်း၊ အမျိုးသမီး ၁ဝ သင်း ၊ အားကစားသမား စုစုပေါင်း ၁၈၃ ဦးတို ပါဝင်ယှဉ်ပြိုင်နေတယ်လို့ လူထုကျန်းမာရေးဌာနခွဲက သတင်း ထုတ်ပြန်ပါတယ်။
မြန်မာ့သိုင်းအားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်တွေ ပိုမိုစိတ်ဝင်စားလာပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မယ့် ထူးချွန်တဲ့ လက်ရွေးစင်အားကစားသမားကောင်းတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲကျင်းပတာလို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က သိုင်းပြိုင်ပွဲဖွင့်ပွဲမှာ ပြောပါတယ်။
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(B)ရုံမှာ ကျင်းပနေတဲ့ ပြည်နယ်နှင့်တိုင်း သိုင်းပြိုင်ပွဲကို စိတ်ဝင်စားသူ ဘယ်သူမဆို အခမဲ့ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်။
ဓာတ်ပုံ-MOI