လီဗာပူးကွင်းလယ်လူ ဆာလက်ကို ခေါ်ယူရန် ရီးရဲလ် ကမ်းလှမ်းမည်

1.6K
ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးက ဆာလက်ကို ခေါ်ယူဖို့အတွက် လူငယ်တိုက်စစ်မှူး ဗက်ဇ်ကွက်ဇ်ကို အလိုက်ပေး ကမ်းလှမ်းမယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်ရှိ စပိန်တိုက်စစ်မှူး ဗက်ဇ်ကွက်ဇ်ဟာ ဒီနှစ်ရာသီမှာ ရီးရဲလ်အသင်းနဲ့ ၁၃ ပွဲ ကစားထားပြီး သူ့ကို အလိုက်ပေးမှာဖြစ်တဲ့အပြင် ငွေသားသီးသန့်လည်း ပေးပြီး ကမ်းလှမ်းဖို့ ရီးရဲလ်အသင်းက စီစဉ်နေတာပါ။
ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်ဟာ အသင်းကို အင်အားတောင့်တင်းစေဖို့အတွက် ဆာလက်ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတာပါ။
ဆာလက်ဟာ လီဗာပူးအသင်းကို ပြီးခဲ့တဲ့ဘောလုံးရာသီကမှ စတင်ပြောင်းရွှေ့လာတာဖြစ်ပြီး ၂၂ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
ဆာလက်ဟာ ရီးရဲလ်တိုက်စစ်မှူးတွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ထက် ဂိုးပိုမိုသွင်းယူထားတာကြောင့် ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က ခေါ်ယူလိုနေတာဖြစ်ပါတယ်။