မော်ရင်ဟို၏ နည်းစနစ်သည် ပျင်းစရာကောင်းပြီး ဆွဲဆောင်မှုမရှိဟု ဗန်ဟားလ် ဝေဖန်

1.5K
မန်ယူနည်းပြ မော်ရင်ဟိုရဲ့ နည်းစနစ်ဟာ ပျင်းစရာကောင်းပြီး မိမိကိုင်တွယ်ခဲ့တုန်းကလောက် ဆွဲဆောင်မှုမရှိဘူးလို့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်က ဝေဖန်လိုက်ပါတယ်။
လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားပုံဟာ ခံစစ်အားပြုလွန်းပြီး မိမိကိုင်တွယ်ခဲ့စဉ်က တိုက်စစ်အသားပေးတဲ့ ကစားပုံကြောင့် ပြိုင်ဘက်တိုင်းက ခံစစ်ပိတ်ကစားခဲ့ကြတယ်လို့ ဗန်ဟားလ်က ဆိုပါတယ်။
ဒါကြောင့် မိမိရဲ့နည်းစနစ်က မော်ရင်ဟိုရဲ့ နည်းစနစ်ထက်ပိုပြီး စွဲဆောင်မှုရှိတယ်လို့ ဗန်ဟားလ်က သုံးသပ်ပါတယ်။
ဟော်လန်နည်းပြ ဗန်ဟားလ်ဟာ မန်ယူအသင်းကို ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ၂ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး အက်ဖ်အေဖလားတလုံးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။