နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော်တွင် ဖွင့်လှစ်ရောင်းချ

1.4K
ကျောက်မျက်အတွဲပေါင်း ၁၉၀ နဲ့ ကျောက်စိမ်းအတွဲပေါင်း ၆၆၈၅ တွဲ ပြသရောင်းချမယ့် ၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်မှာ ဒီဇင်ဘာ ၁၂ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ကျောက်မျက်အတွဲတွေကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ ခင်းကျင်းပြသသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချမယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
ကျောက်စိမ်းတွဲတွေကိုတော့ ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၅ရက်ထိ ခင်းကျင်းပြသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက်ထိ အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
ကျောက်မျက်အတွဲတွေအတွက် သတ်မှတ်ထားတဲ့ အခြေခံဈေးက ယူရိုငွေ ၅၀၀၊ ကျောက်စိမ်း အရိုင်းအတွဲတွေ အတွက် သတ်မှတ်ထားတဲ့ အခြေခံဈေးက ယူရိုငွေ ၄၀၀၀ ဖြစ်ပြီး ကျောက်စိမ်းအချောထည် အတွဲတွေအတွက် သတ်မှတ်ထားတဲ့ အခြေခံဈေးက ယူရိုငွေ ၁၀၀၀ ဖြစ်ပါတယ်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲတွေကို ၁၉၆၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး အခု ၂၀၁၇ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲဟာ ၉၂ ပွဲမြောက်ဖြစ်ပါတယ်။