A d v e r t i s e m e n t With Us

ရေထိပ်သီးအစည်းအဝေးက ရန်ကုန်ကြေညာစာတမ်းထုတ်ပြန်

  ကောင်းမွန်သော ရေသံသရာစီမံခန့်ခွဲမှုအပါအ၀င် အချက် ၄ ချက် လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချလိုက်တဲ့ ရန်ကုန်ကြေညာစာတမ်း ရှေ့ဆက်ရမည့်လမ်းစဉ်ကို တတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ရေထိပ်သီးအစည်းအဝေးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့မှာ  ဒီဇင်ဘာ ၁၁ နဲ့ ၁၂ နေ့က နှစ်ရက်ကြာ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်က ကိုယ်စားလှယ် ၆၀၀ ခန့် တက်ရောက်ခဲ့တဲ့ ရေညီလာခံကနေ သဘောတူ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကောင်းမွန်သော ရေသံသရာစီမံခန့်ခွဲမှု၊စီမံအုပ်ချုပ်မှုနှင့် အားလုံးပါဝင်သော ဖွံ့ဖြိုး တိုးတက်မှု၊ ရေနှင့်ဆက်နွှယ်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ခြင်းအတွက် ငွေကြေးထောက်ပံ့ခြင်းနဲ့ အလွှာအားလုံး၌ ရေနှင့်ပတ်သက် သည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းတို့ကို ၀ိုင်းဝန်းလုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချခဲ့တာ ဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသတစ်ခုတည်းမှာပဲ လူဦးရေ ၁ ဒသမ ၁ ဘီလီယံနီးပါး ဟာ ရေနှင့် ပတ်သက်ပြီး ဆိုးရွားလှတဲ့ အခက်အခဲ၊ အခြေအနေများနဲ့ ရင်ဆိုင်နေရပြီး သိသာထင်ရှား ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ မလုပ်ရင် ထိခိုက်ခံစားနေရတဲ့ လူဦးရေဟာ  ၂ဝ၅ဝ ပြည့်နှစ် မတိုင်ခင် ၄ဝ ရာခိုင်နှုန်းကျော် တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများအားလုံးမှာ ရေဖူလုံရေး၊ ရေဘေးအ္တရာယ်လုံခြုံရေး တိုးတက်လာစေရန် ရေကို တန်ဖိုးထားခြင်း၊ ရေအရင်း အမြစ်များကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းခြင်းနဲ့  စီမံခန့်ခွဲခြင်းတို့ကို လုပ်ဆောင်မှသာလျှင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ၂ဝ၃ဝနဲ့  ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ လက်တွေ့ အကောင်အထည်ပေါ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ အာရှ-ပစိဖိတ်ဒေသ ရေထိပ်သီးအစည်းအဝေးကို ၂၀၀၇ခုနှစ်မှာ ပထမအကြိမ်အဖြစ် ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ပြီး ၂၀၁၃ခုနှစ် ဒုတိယအကြိမ်ရေညီလာခံကိုတော့ ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ကာ အခု တတိယအကြိမ် ညီလာခံကို မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up