အရေးယူပိတ်ဆို့မှုသည် မြောက်ကိုရီးယားကို ပေးအပ်သည့် အကူအညီများကို ထိခိုက်နိုင်

ဓာတ်ပုံ - အေအက်ဖ်ပီ
အရေးယူပိတ်ဆို့မှုတွေဟာ မြောက်ကိုရီးယားကို ပေးအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇာအိ ရာအက် အယ်ဟူစိန်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ကပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။ “ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားအဖွဲ့အစည်းတွေက ပေးအပ်တဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေဟာ ၁၃ သန်းသော ပြည်သူတွေအတွက် အသက်သွေးကြောပါပဲ။ ဒါပေမယ့် အရေးယူပိတ်ဆို့မှုတွေဟာ ဒီ အရေးပါတဲ့ အကူအညီကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။” မြောက်ကိုရီးယားပြည်သူတွေရဲ့ ကောင်းကျိုးကို မလုပ်ဆောင်ဘဲ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယား အစိုးရကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုတ်ချထားပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ကိုရိုဘတ်ရှိုက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက “လူ့အခွင့်အရေးချိုးဖောက်ပြီး ပြည်သူတွေကို နှိပ်စက်နေတဲ့ မြောက်ကိုရီးယားအစိုးရ လုပ်ရပ်ဟာ မြောက်ကိုရီးယားပြည်သူတွေ ဒုက္ခထက် ပိုပါတယ်။ သူတို့လုပ်ရပ်ဟာ ကင်ဂျုံအန် အာဏာဆက်လက်တည်မြဲရေးဆိုတဲ့ တခုတည်းသော ရည်မှန်းချက်ကို လုပ်ဆောင်နေတပါ” လို့ ပြောပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မြောက်ကိုရီးယား နျူကလီးယားဒုံးကျည် အစီအစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက ဝန်ကြီးအဆင့် အစည်းအဝေး ပြုလုပ်မှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up