Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
ဇော်ဇော်လှိုင်
·
December 13, 2017
President U Htin Kyaw & Wife arrive Tokyo 4
President U Htin Kyaw & Wife arrive Tokyo 2
President U Htin Kyaw & Wife arrive Tokyo 1
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့  ဇနီးဒေါ်စုစုလွင်တို့  ဂျပန်နိုင်ငံကို  ချစ်ကြည်ရေးခရီးအဖြစ် မနေ့ည ၁၀ နာရီကျော်က  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာသွားပါတယ်။ တိုကျိုမြို့မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ကျင်းပမယ့် Universal Health Coverage Forum  အဆင့်မြင့်အစည်းအဝေးကို တက်ရောက်ဖို့နဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်တာ ဖြစ်ပါတယ်။ သမ္မတနဲ့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးလည်း လိုက်ပါသွားပြီး  ဂျပန်နိုင်ငံရောက် မြန်မာအသိုင်းအဝန်းကလည်း သမ္မတနဲ့ ဇနီးတို့ကို တိုကျိုမြို့မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ Photo : Phyo Min Thein
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024