A d v e r t i s e m e n t With Us

ခိုက်ရန်ဖြစ်ပွားခဲ့သည့် မန်ယူနှင့် မန်စီးတီးအသင်းကို အက်ဖ်အေ အရေးယူမည်

မန်ချက်စတာဒါဘီပွဲအပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ မန်ယူနဲ့ မန်စီးတီး ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက အရေးယူဖို့ရှိပါတယ်။ မန်ယူနဲ့ မန်စီးတီးအသင်း ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေဟာ အဝတ်လဲခန်း အပြင်ဘက်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မန်ယူနည်းပြ မော်ရင်ဟို၊ မန်စီးတီး လက်ထောက်နည်းပြ အာတီတာတို့ ရေဘူးထိမှန်ခဲ့ပြီး ကစားသမားအချင်းချင်းလည်း လက်သီးနဲ့ထိုးတဲ့အထိ ခိုက်ရန်ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ယူကို အနိုင်ရပြီး အဝတ်လဲခန်းအတွင်းမှာ အလွန်အကျူး အောင်ပွဲခံခဲ့တာနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက သွားရောက်တားဆီးရာမှ ပြဿနာဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုမှာ ကစားသမားနဲ့ အသင်းတာဝန်ရှိသူ အယောက် ၃၀ လောက် ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက် အင်္ဂလန်အချိန် ညနေ ၆ နာရီ နောက်ဆုံးထားပြီး ဖြေရှင်းချက်ပေးဖို့ အက်ဖ်အေက အကြောင်းကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up