အင်ဒိုနီးရှားထောင်မှ လွတ်မြောက်သွားသည့် အမေရိကန်နိုင်ငံသားကို ရှာဖွေ

ဓာတ်ပုံ - ရိုက်တာ
အင်ဒိုနီးရှားရဲတွေဟာ ဘာလီကျွန်းပေါ်က လူတွေကြပ်ညပ်နေတဲ့ ထောင်ကနေ ဒီဇင်ဘာ ၁၁ ရက်နေ့က လွတ်မြောက်သွားတဲ့ အမေရိကန်နိုင်ငံသားကို လိုက်ရှာနေပါတယ်။ ထောင်သားဟာ ထောင်မျက်နှာကျက် သံမဏိတန်းကို ဖြတ်တောက်ပြီး ထွက်ပြေးခဲ့တာပါ။ အသက် ၃၂ နှစ်အရွယ် ခရစ္စယံဘိစ်လေဟာ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုအတွက် သံသယရှိသူ ဖြစ်ပေမယ့် စီရင်ချက် မချရသေးဘူးလို့ ရဲက ပြောပါတယ်။ သူဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်သားဖြစ်ပြီး မနက် တနာရီလောက်က နံရံကို ကြိုးနဲ့တွယ်ဆင်းခဲ့တယ်၊ ထွက်ပြေးဖို့ကြိုးစားတဲ့ အသက် ၅၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား ပေါလ် အန်ထော်နီကိုတော့ ပြန်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီထောင်ကနေ ဒီနှစ်အတွင်း ဒုတိယမြောက် နိုင်ငံခြားသား ထောင်သားက ထောင်ဖောက်မှုပါ။ ဘာလီကျွန်းပေါ်ရှိ ကေရိုဘိုကံထောင်ဟာ ကူတာကမ်းခြေကနေ ၆ မိုင်သာဝေးပါတယ်။ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အမှုတွေကို ရင်ဆိုင်ရတဲ့ နိုင်ငံခြားသားတွေကို မကြာခဏ ချုပ်နှောင်ထားလေ့ရှိတဲ့ထောင်လည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up