A d v e r t i s e m e n t With Us

အာဖရိက အကောင်းဆုံး ဘောလုံးသမားဆု ဆာလက် ရရှိ

ဘီဘီစီကချီးမြှင့်တဲ့ အာဖရိက အကောင်းဆုံးဘောလုံးသမားဆုကို လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်က ရရှိသွားပါတယ်။ အီဂျစ်ကစားသမား ဆာလက်အနေနဲ့ အသင်းဖော် မာနေး၊ လိုက်ဇစ်က ကီတာ၊ ချဲလ်ဆီးက ဗစ်တာမော့ဆက်၊ ဒေါ့မွန်က အော်ဘာမီယန်းတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ အာဖရိက အကောင်းဆုံးကစားသမားဆုကို လာမယ့်နှစ်မှာလည်း ရယူချင်ပြီး အီဂျစ်နိုင်ငံအတွက် အကောင်းဆုံး စံပြကစားသမားတဦး ဖြစ်ချင်တယ်လို့ ဆုရယူအပြီးမှာ ဆာလက်က ပြောပါတယ်။ ဆာလက်ဟာ ဒီဆုနဲ့ ထိုက်တန်မှုရှိပြီး ဒီလိုကစားသမားကောင်းတွေနဲ့ လက်တွဲရတာဟာ ကံကောင်းမှုတခု ဖြစ်တယ်လို့လည်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်ရှိ ဆာလက်ဟာ ဒီနှစ်ရာသီမှာ လီဗာပူးအသင်းနဲ့ ၂၅ ပွဲကစားပြီး ၁၉ ဂိုးအထိ သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up