ဂါရတ်ဘေးလ်ကို ရောင်းချရန် ရီးရဲလ်အသင်း စီစဉ်နေ

ဓာတ်ပုံ - ရိုက်တာ
1.7K
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒဏ်ရာပြဿနာတွေ ရှိနေတဲ့ ဂါရတ်ဘေးလ်ကို ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်ရှိ ဂါရတ်ဘေးလ်ဟာ ခြေသလုံးဒဏ်ရာကြောင့် ရီးရဲလ်အသင်းရဲ့ ပွဲစဉ်အများစုကို လွဲချော်ခဲ့ပါတယ်။
ဂါရတ်ဘေးလ်အနေနဲ့ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပေမယ့် ပွဲကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှု မရသေးတာကြောင့် ပွဲထွက်ကစားနိုင်ခြင်း မရှိသေးတာပါ။
အဲဒီအခြေအနေကို ရီးရဲလ်အသင်းက စိတ်ပျက်နေပြီး ဘေးလ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့လည်း သတင်းထွက်နေပါတယ်။
ဝေးလ်ကစားသမား ဂါရတ်ဘေးလ်ကို မန်ယူအသင်းက ကမ်းလှမ်းဖူးတာကြောင့် ရီးရဲလ်အသင်းအနေနဲ့ မန်ယူအသင်းဆီ ရောင်းချဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က ပေါင် ၈၅ သန်းနဲ့ စပါးအသင်းကနေ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။