A d v e r t i s e m e n t With Us

ဆိုင်ကယ်တိုက်မိရာက ကိုယ်ဝန်ပျက်ကျသဖြင့် လူသေမှုပုဒ်မပြောင်းဖမ်းဆီး

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ရိုးစုံရွာအနောက်ဖက် သဲတော-ရိုးစုံလမ်းမှာ ဆိုင်ကယ် ၂စီး မျက်နှာချင်းဆိုင်တိုက်မိရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ကိုယ်ဝန်ပျက်ကျခဲ့တာကြောင့် လူသေမှု ပုဒ်မ ပြောင်းပြီးရဲက ဖမ်းဆီးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့က တရားစွဲဆိုရာမှာ လူသေမှု ပုဒ်မ ပြောင်းပြီး ဖမ်းဆီးလိုက်ရတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိ  ဒုရဲအုပ်သိန်းဇော်သန်း ကပြောပါတယ်။ “အခင်းဖြစ်တာက လွန်ခဲ့တဲ့ ၃ လကျော် လောက်က ဖြစ်တယ်။ ဆေးစာရပြီး အမှုကို တရားရုံးတင်တော့ ၈ လရှိနေတဲ့ ကိုယ်ဝန်ပျက်ကျတာ လူသေမှုဖြစ်သွားတယ်။ ၂ ဦးလုံးကို ဖမ်းလိုက်ရတယ်” သြဂုတ်လ ၂၇ ရက်နေ့က သဲတော-ရိုးစုံလမ်းမှာ မြစ်သားမြို့နယ် ငါးဆူရွာနေတဲ့ ဦးဝင်းဦးမောင်းပြီး နောက်ခုံမှာ ကိုဝေလင်းမောင် လိုက်ပါလာတဲ့ဆိုင်ကယ်နဲ့ ဝမ်းတွင်းမြို့ သပြေသာရွာမှာနေတဲ့ ကိုယ်ဝန်ဆောင်မိခင် မချိုအေးမောင်ပြီး နောက်ခုံမှာ မမိုင်းရှုး လိုက်ပါလာတဲ့ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။ ဦးဝင်းဦး၊ မချိုအေး၊ မမိုင်ရှုးတို့ ဒဏ်ရာရခဲ့ကြပြီး ဝမ်းတွင်းဆေးရုံမှာ ဆေးကုသစဉ် မချိုအေးက ကိုယ်ဝန်ဆောင်ဖြစ်နေတာကြောင့် မန္တလေးဆေးရုံရွှေ့ပြောင်း ကုသခဲ့ရပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ဦးဝင်းဦးနဲ့ မချိုအေးတို့ ၂ ဦးလုံးကို သာမန်ဒဏ်ရာရမှု၊   ပြင်းထန်ဒဏ်ရာရမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်ထားရာကနေ ဆေးစာနဲ့တရားစွဲဆို ခဲ့ရာ လူသေမှု ပုဒ်မ ၃၀၄-က ပြောင်း တရားစွဲဖမ်းဆီးခဲ့တယ်လို့  ဝမ်းတွင်းမြို့မရဲစခန်းက သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up