A d v e r t i s e m e n t With Us

စိုက်ပျိုး​ရေး​ဇုန်​ကြောင့်​ အခက်​တွေ့​သူများ​ ​ဒေါ်​အောင်ဆန်း​စုကြည်ထံ တင်ပြ

ရန်ကုန်တိုင်း​အတွင်း​ အထူး​စိုက်ပျိုး​ရေး​ဇုန်​ကြောင့်​ အိမ်​ခြေမဲ့​မှာကို ရင်ဆိုင်ရသူ​တွေက ​ဒေါ်​အောင်ဆန်း​စုကြည်ထံ သွား​ရောက်အကူအညီ ​တောင်း​ခံခဲ့​ပါတယ်။ ဒဂုံအ​ရှေ့​ပိုင်း​မြို့​နယ်မှာ အစိုး​ရခွင့်​ပြုချက်နဲ့​ ​မြေကွက်ရပြီး​ကာမှ ​နေစရာ လက်လွတ်ဖြစ်ရမယ့်​အ​ရေး​ ရင်ဆိုင်​နေရတဲ့​ ဝန်ထမ်း​ဟောင်း​တွေဟာ သူတို့​ကိစ္စကို ကူညီ​ဖြေရှင်း​ပေး​ဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ထံ မ​နေ့​က သွား​ရောက် တင်ပြခဲ့​တာပါ။ တင်ပြရာမှာ ပါဝင်သူ ဝန်ထမ်း​ဟောင်း​ ဦး​အေး​မောင်က “မ​နေ့​က အန်အယ်လ်ဒီပါတီ​ပေါ့​နော် အ​မေစုနဲ့​ သွား​တွေ့​လိုက်တယ်။ ဒီကိစ္စကို အ​မေစုပါ ဝိုင်း​ဝန်း​ဆောင်ရွက်​ပေး​ဖို့​ သွား​ပြီး​မှ ​မေတ္တာရပ်ခံတယ်​လေ။ အ​မေစုကလည်း​ လိုလိုလား​လား​ လက်ခံပါတယ်။ ဒါ​တွေက လွန်ခဲ့​တဲ့​ ၉၅-၉၆ ​လောက်ကတည်း​က ဝန်ထမ်း​တွေကို တရား​ဝင် စာရွက်စာတမ်း​တွေနဲ့​ သက်ဆိုင်ရာ လူကြီး​တွေ လက်မှတ်ထိုး​ပြီး​ ချထား​ပေး​ပြီး​တော့​ အဲဒီကတည်း​က အိမ်ရာ​ဆောက်လုပ် ​နေထိုင်​နေတဲ့​ဟာကို ၇ လပိုင်း​ ၃ ရက်​နေ့​ကျမှ အမိန့်​ထုတ်ပြီး​တော့​မှ ကျူး​ကျော်ဆိုတဲ့​ အသုံး​အနှုန်း​ကို သုံး​ထား​တဲ့​ ကိစ္စ​ပေါ့​နော်။ အဲဒီကိစ္စ​လေး​နဲ့​ ဒါ ဥပ​ဒေအရ အာဏာကို အလွဲသုံး​စား​လုပ်တာ​ပေါ့​။ ဒါမျိုး​က​တော့​ မလုပ်သင့်​ဘူး​ပေါ့​။ ဒီလို မသုံး​သင့်​ဘူး​ပေါ့​။ ဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ သက်ဆိုင်ရာကိုလည်း​ တင်ပြထား​တယ်​လေ အ​ရေး​ယူ​ဆောင်ရွက်​ပေး​ဖို့​ပေါ့​နော်။” အစိုး​ရက ၁၉၉၅ ခုနှစ်​လောက်ကတည်း​က ​မြေကွက်တကွက်ကို ၁၂၀၀၀ ကျပ်နှုန်း​ သတ်မှတ်ပြီး​ ဝန်ထမ်း​တွေကို ​ပေး​နေခဲ့​တာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​ မတ်လပိုင်း​က အဲဒီ​နေရာ​တွေမှာ ကုမ္ပဏီ​တွေကို အထူး​ စိုက်ပျိုး​ လုပ်ကိုင်ခွင့်​ကို ချ​ပေး​ခဲ့​ပြီး​ ​နေထိုင်​နေသူ​တွေကို ဖယ်ရှား​ခိုင်း​ခဲ့​ပါတယ်။ သူတို့​ရဲ့​ ​မြေဟာ ​ပေါက်​ဈေး​အရ သိန်း​ ၃၀ ​ကျော် အနည်း​ဆုံး​တန်​ကြေး​ ရှိ​နေချိန်မှာ ဖယ်​ပေး​ခအဖြစ် ​မြေကွက်တခုကို နဂိုသွင်း​ဈေး​ ကျပ် ၁၂,၀၀၀ နှုန်း​နဲ့​သာ ပြန်​လျော်​ပေး​မယ့်​ အစီအစဉ်ဟာ တခြား​မှာ ​နေစရာခက်ခဲတဲ့​ အငြိမ်း​စား​ ဝန်ထမ်း​တွေအတွက် အခက်အခဲ ဖြစ်​စေခဲ့​ပါတယ်။ ဒါ​ကြောင့်​ သူတို့​တွေက လွှတ်​တော်မှာ​ရော၊​ အမျိုး​သား​လူ့​အခွင့်​ရေး​ ​ကော်မရှင်မှာပါ တိုင်တန်း​ အကူအညီ ​တောင်း​ပေမယ့်​ ဘာမှ မထူး​ခြား​ခဲ့​ပါဘူး​။ ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ထံကို တင်ပြ အကူအညီ​တောင်း​တာလို့​ ဆိုပါတယ်။ သူတို့​တွေ အဲဒီ​နေရာက​နေ မဖယ်ရ​ရေး​ အတန်တန် တင်ပြ​နေတဲ့​ကြား​က အခုလ ၁၀ ရက်က ​ဆောက်လုပ်​ရေး​ဝန်ကြီး​ဌာနက ရန်ကုန်တိုင်း​ဝန်ကြီး​ချုပ်ထံ ​ပေး​ပို့​တဲ့​စာမှာ သူတို့​တွေကို ကျူး​ကျော်​နေထိုင်သူလို့​ သုံး​စွဲ​ခေါ်​ဝေါ်တာကို သိရှိပြီး​ မ​ကျေမနပ် ဖြစ်​နေကြပါတယ်။ အထူး​စိုက်ပျိုး​ရေး​ဇုန်စီမံချက်​ကြောင့်​ ဒဂုံအ​ရှေ့​ပိုင်း​မြို့​နယ်ထဲက ရပ်ကွက် ၁၁ ရပ်ကွက်က ​မြေကွက်​ပေါင်း​ ၇၅၀၀ ​လောက် အသိမ်း​ခံခဲ့​ရပြီး​တော့​ အိမ်​ပေါင်း​ ၄၀၀ ​ကျော်​လောက် ထိခိုက်ခဲ့​တယ်လို့​ ဆိုပါတယ်။ တချို့​မြေကွက် ၆၀ ​လောက်က​တော့​ သိမ်း​ယူတဲ့​သူ​တွေရဲ့​ လက်ထဲကို ​ရောက်သွား​ပြီ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up