A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွင် ရီးရဲလ်-ပီအက်စ်ဂျီ၊ ချဲလ်ဆီး-ဘာစီ၊ စပါး-ဂျူဗီတို့ ထိပ်တိုက်တွေ့

ဓာတ်ပုံ - အေအက်ဖ်ပီ
ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဉ်တွေအတွက် မဲခွဲမှုတွေကို ဆွစ်ဇာလန်နိုင်ငံမှာ မနေ့ညက ပြုလုပ်ခဲ့ပြီး အသင်းကြီးတွေဖြစ်တဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာ၊ စပါးနဲ့ ဂျူဗင်တပ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒါကြောင့် ရှုံးထွက်အဆင့်မှာ အကြိတ်အနယ်နဲ့ ပွဲကောင်းတွေ ဖြစ်လာနိုင်ပြီး အသင်းကြီး ၃ သင်း ကျန်ခဲ့မယ့် အနေအထားမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ချဲလ်ဆီးနဲ့ စပါးပဲ ပွဲကျပ်ပြီး ကျန်အသင်းတွေဖြစ်တဲ့ မန်စီးတီးကတော့ ဘေဆယ်၊ မန်ယူက ဆီဗီလာ၊ လီဗာပူးက ပေါ်တိုအသင်းနဲ့ တွေ့ဆုံရမှာပါ။ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်ကတော့ တူရကီကလပ် ဘီဆစ်တက်၊ ရိုးမားက ရှက်တာဒိုးနက်နဲ့ ရင်ဆိုင်ရမှာပါ။ ရှုံးထွက် ပထမအကျော့ ပွဲစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၃၊ ၁၄၊ ၂၀ နဲ့ ၂၁ ရက်နေ့တွေမှာ စတင်မှာဖြစ်ပြီး ဒုတိယအကျော့ကို မတ်လ ၆ ရက်၊ ၇ ရက်၊ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up