A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးပြီဟု မော်ရင်ဟို ပြော

ပရီးမီးယားလိဂ် ချန်ပီယံဆုမျှော်လင့်ချက် ပြီးဆုံးသလောက် ဖြစ်သွားပြီလို့ မန်ယူနည်းပြ မော်ရင်ဟိုက ဝန်ခံပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ၁၁ မှတ်အထိ ကွာဟနေတာပါ။ ပရီးမီးယားလိဂ် ချန်ပီယံဆုမျှော်လင့်ချက် ပြီးဆုံးသွားပြီလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အဲဒီလိုဖြစ်သွားပြီလို့ နည်းပြမော်ရင်ဟိုက ပြန်လည်ဖြေကြားခဲ့တာပါ။ မန်စီးတီးအသင်းဟာ တောင့်တင်းတဲ့အသင်း ဖြစ်ပေမယ့် ကံကောင်းမှုတွေနဲ့ ဘုရားသခင်တို့က သူတို့ရဲ့နောက်မှာ ကာကွယ်ပေးထားတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ မန်ယူအသင်းကို သွင်းခဲ့တဲ့ ဂိုး ၂ ဂိုးဟာလည်း လွယ်ကူတဲ့ဂိုးတွေဖြစ်ပြီး မန်စီးတီးအသင်းဟာ ကံကောင်းတဲ့အသင်း ဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up