နီပေါငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဗိုလ်ချုပ်မှူးကြီး လေ့လာ

1.6K
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံး နီပေါ ခရီးစဉ် အတွင်း နီပေါနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နီပေါတပ်မတော်ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီ ရန်ဂျန်ဒရာချာဟတ်ထရီတို့ တွေ့ဆုံဆွေးနွေးမှုအတွင်း စစ်ဆင်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကာဂျီ ဗဟာဒူရာခါထရီက နီပေါနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
နီပေါတပ်မတော်ကြည်းတပ်ဦးစီးချုပ်က အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ မြန်မာနိုင်ငံကနေ နီပေါနိုင်ငံသို့ ပထဦးဆုံးလာရောက်တဲ့ မြန်မာ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တစ်ဦးရဲ့ သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစပြီး အခုအချိန်အထိ နီပေါလူမျိုး ဂေါ်ရခါးအရာရှိ၊ စစ်သည်တွေ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စွမ်းရည်သတ္တိ၊ ဘွဲ့ထူးဂုဏ်ထူးတွေ ရရှိခဲ့ဖူးပါတယ်။