A d v e r t i s e m e n t With Us

နျူကလီးယားဗုံးဖြင့် တိုက်ခိုက်ခံရချိန် ရှင်ကျန်ရစ်သူများ အော်စလိုတွင် သစ်စေ့များ စိုက်ပျိုး

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံက ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေမှာ နျူကလီးယားဗုံးနဲ့ တိုက်ခိုက်ခံရချိန်က ရှင်သန်ကျန်ရစ်သူတွေဟာ ဒီဇင်ဘာ ၉ ရက်နေ့က နော်ဝေမြို့တော် အော်စလိုက ရုက္ခဗေဒ ဥယျာဉ်ထဲမှာ သစ်စေ့တွေကို စိုက်ပျိုးခဲ့ပါတယ်။ ၁၉၄၅ သြဂုတ်လက အဏုမြူဗုံးကြဲတာ ခံရချိန် ပျက်စီးကျန်ရစ်တဲ့ မြို့ထဲမှာ ပေါက်နေခဲ့တဲ့ သစ်ပင်တွေက သစ်စေ့တွေကို စိုက်ခဲ့တာပါ။ နာဂါဆာကီမြို့ ဗုံးကြဲခံရချိန်က အသက် ၆ နှစ်သာ ရှိသေးပြီး အစ်ကိုဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ တိုယိုကို တာဂါဝါက တကမ္ဘာလုံးမှာ နျူကလီးယား လက်နက်တွေကို ပိတ်သိမ်းတာ မြင်ချင်တယ်လို့ ပြောပါတယ်။ သူ့အစ်ကိုဟာ ဘဝနောက်ဆုံးအချိန်မှာ အင်မတန် နာကျင်ခံစားခဲ့ရတယ်၊ အဖေ့ကို အိမ်ထဲက ဓားသွားယူခိုင်းပြီး သူ့ခေါင်းကိုဖြတ်ရင်း ဝေဒနာကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ တာဂါဝါဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲ အခမ်းအနားကို တက်ဖို့ နော်ဝေမြို့တော် အော်စလိုကို လာခဲ့တဲ့ ဗုံးဒဏ်ကနေ ရှင်သန်ကျန်ရစ်သူ အုပ်စုထဲက တဦးဖြစ်ပါတယ်။ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက ဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို နျူကလီးယားလက်နက် ဖျက်သိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုအဖွဲ့ဆီ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up