A d v e r t i s e m e n t With Us

ကိုလုံးနည်းပြဟောင်း စတော့ဂါကို ဒေါ့မွန်နည်းပြအဖြစ် ခန့်အပ်

ဒေါ့မွန်အသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ပီတာဘော့ဇ်ရဲ့ နေရာမှာ ကိုလုံးနည်းပြဟောင်း ပီတာ စတော့ဂါကို အစားထိုး ခန့်အပ်လိုက်ပါတယ်။ ဒေါ့မွန်အသင်းဟာ ဒီဇင်ဘာ ၉ ရက်နေ့ကပွဲမှာ ဝါဒါဘရီမင်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် နည်းပြ ပီတာဘော့ဇ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး တရက်အကြာမှာပဲ စတော့ဂါကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာပါ။ နည်းပြ ပီတာဘော့ဇ်အနေနဲ့ စက်တင်ဘာ ၃၀ ရက်က အော့စ်ဘတ်ကို အနိုင်ရပြီးနောက်ပိုင်း ဘွန်ဒက်စ်လီဂါ ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သလို ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာလည်း ၁ ပွဲပဲ အနိုင်ရခဲ့လို့ ဒေါ့မွန်အသင်းက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဒေါ့မွန်နည်းပြသစ်ဖြစ်လာတဲ့ သြစတြီးယားနည်းပြ ပီတာစတော့ဂါဟာ ကိုလုံးအသင်းနဲ့ ရာသီအဖွင့်ပွဲစဉ် ၁၄ ပွဲမှာ ၁ ပွဲမှ အနိုင်မရခဲ့လို့ ထုတ်ပယ်ခံထားရသူဖြစ်ပြီး ဒေါ့မွန်အသင်းကို ရလဒ်ကောင်းတွေ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up