A d v e r t i s e m e n t With Us

အင်းတော်တွင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူသည့် ၁၀ တန်းကျောင်းသား ၇ ဦးကိုဖမ်းမိ

  စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်ရှိ အကယ်ဒမီလင့်ခ်ဖုန်းဆိုင် ဒီဇင်ဘာ ၁၀ ရက် မနက် ၁ နာရီအချိန် အကယ်ဒမီလင့်ခ်ဖုန်းဆိုင် ဖောက်ထွင်းခိုးယူခံရပြီး ၂၄ နာရီအတွင်း ခိုးယူခံရတဲ့ ဖုန်းတွေနဲ့ အတူ (၁၀) တန်းကျောင်းသား ၇ ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။ သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အတူ ဥယျာဉ်မှူး ဘော်ဒါဆောင်သို့ သွားရောက်စစ်ဆေးစဉ် အဆောင်နေ ၁၀ တန်းကျောင်းသား ၇ ဦးထံမှ ၄င်းတို့ခိုးယူခဲ့တဲ့ ဖုန်းတွေနဲ့အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက “မောင်ဝေယံဦးနဲ့ မောင်အောင်စည်သူ တို့ဟာ ဒီဇင်ဘာ ၂ ရက် ညနေ ၄ နာရီ ၄၄ မိနစ်အချိန် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် သမာဓိရွှေဆိုင်မှ ဂတ်စ်ဗူးအား ဝယ်ယူခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့တွင် ကမ္ဘာသစ်ဖုန်းဆိုင်ရှိ သော့ ၃ လုံးကို ဂတ်စ်မီးနဲ့ ဖောက်ထွင်းခဲ့တာပါ။ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်  ၁ နာရီအချိန်မှာ အကယ်ဒမီလင့်ခ် ဖုန်းဆိုင်ရှိသော့ ၄ လုံးကို ဖျက်ဆီးကာ ဖုန်း ၂၃ လုံးနဲ့ ဆက်စပ်ပစ္စည်း ကာလတန်ဘိုးကျပ်သိန်း ၃,၈၃၂,၀၀၀ ကို ဖောက်ထွင်းခိုးယူခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။ ဖုန်းဆိုင်ဖောက်ထွင်းခိုးယူမှုနဲ့ လူငယ်တွေကို အင်းတော်မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အရေးယူထားပါတယ်။ ကိုကိုလင်း(အင်းတော်)

A d v e r t i s e m e n t With Us

More News
Up