Home
မြန်မာသတင်း
ခလုတ်​တိုက်​မိရာမှခိုက်​ရန်​ဖြစ်​ပွားပြီး လူသတ်​မှုဖြစ်
DVB
·
December 11, 2017
  တောင်ကြီးမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ မြောက်ဘက်အဝင်ပေါက်မှာ မနေ့ည ၁၀ နာရီလောက်က  ပလက်ဖောင်းပေါ်မှာ ဂီတာတီးနေတဲ့ လူငယ် ၅ ဦးကို လမ်းလျှောက်လာသူ လူငယ်တစ်ဦးက ခလုတ်တိုက်မိရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူသတ်မှုဖြစ် ပွားခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးထွန်းဝင်းက“ပလက်ဖောင်းပေါ်ထိုင်နေတဲ့သူကို ခြေထောက်နဲ့ ခလုတ်တိုက်မိတာကို တမင်လုပ်တယ် ထင်ပြီး ရန်ဖြစ်ကြတာပါ။ နောက် လူငယ် ၁၀ ဦးလောက်က ဓားနဲ့ရောက်လာပြီး ဝိုင်းရိုက်ကြတယ်။ ခုတ်ကြတယ်ပေါ့။ အဲမှာ လင်းလင်းဆိုသူက ဓားဒဏ်ရာနဲ့အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသွား”လို့ ပြောပါတယ်။ ခိုက်ရန်ဖြစ်ပွားတဲ့နေရာမှာ ဒဏ်ရာရသူမှာ သားအို လက်ဒဏ်ရာရ၊ ဇော်လင်းထွေး ငယ်ထိပ် ပေါက်ပြဲ၊ ဒူးဓါးဒဏ်ရာရရှိခဲ့ပြီး လင်းလင်းက သေဆုံးသွားကြောင်း သိရပါတယ်။ ဂီတာအကျိုးအပိုင်းအစကို အခြေခံပြီးလိုက်လံစုံစမ်းရာ မနက် ၂ နာရီအချိန်မှာ ဂီတာ တီးသူ စိုင်းဘိုဘိုအပါအဝင် ၇ ဦးကိုပစ္စည်းနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ တရားခံကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၂၆ အပြင်းထန် နာကျင်စေမှု၊ ပုဒ်မ ၃၂၅ သုံးစွဲ လက်နက်နဲ့ အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီထောက်ပံ့မှု စတဲ့ ပုဒ်မ လေးခုနဲ့ မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း - ခွန်ရာဇာ၊ ဓာတ်ပုံ - ရဲတပ်ဖွဲ့
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024