ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ငံအသင်းအတွက် ပွဲထွက်ကစားလိုသည့် တိုက်စစ်မှူး ဂျရူး

ဓာတ်ပုံ - Getty
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အိုလီဗီယာဂျရူးဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် ပွဲထွက်ကစားလိုတာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ ဝက်စ်ဟမ်း တသင်းသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဂျရူးဟာ သူ့ရဲ့မိသားစု လန်ဒန်မှာ ရှိနေတာကြောင့် တခြားမြို့တခုကို ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဂျရူးဟာ အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲတပွဲမှ ပွဲထွက်ကစားခွင့်မရသေးပဲ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့မှာသာ ပွဲထွက်ကစားခွင့် ရထားပါတယ်။ ဂျရူးအနေနဲ့ မိခင် ပြင်သစ်အသင်းမှာ တိုက်စစ်မှူးအများအပြား ရှိနေခဲ့တာကြောင့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ် မျက်စိကျရေးအတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့ အသင်းတသင်းကို ပြောင်းရွှေ့လိုနေတာပါ။ ဂျရူးဟာ မိသားစုနဲ့အတူ လန်ဒန်မြို့မှာပဲ ဆက်နေချင်တာကြောင့် နည်းပြ မိုရက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်းများနေပါတယ်။

More News
Up