တအာင်း နှစ်သစ်ကူးအခမ်းအနား ကလောတွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
December 11, 2017
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပိန္နဲပင်ကျေးရွာမှာ ၂၇၀၉ နှစ်မြောက် တအာင်းနှစ်သစ်ကူး အခမ်းအနားကို ဒီနေ့ မနက်က ကျင်းပပါတယ်။
တအာင်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် တောင်ပိုင်းရှိတဲ့ မိုင်းကိုင်၊ ရပ်စောက်၊ မိုင်းနောင်၊ ကျေးသီး၊ ရွာငံ၊ နမ့်ဆန်၊ခိုလမ်၊ မိုင်းစိတ်စတဲ့ တအာင်းမိသားစုဝင်တွေ အားလုံးတက်ရောက်ခဲ့ကြပါတယ်။
ဒါအပြင် မူဆယ်၊ ကျောက်မဲ၊ ရန်ကုန်၊ မန်တုံ၊ နမ့်ဆန်၊ စစ်ကိုင်း၊ လားရှိုး စတဲ့မြို့နယ်တွေမှာလည်း တအာင်းနှစ်သစ်ကူးကို ကျင်းပခဲ့ကြပါတယ်။
သတင်း - နိုင်နိုင်