လီဗာပူးနှင့်အဲဗာတန် သရေတမှတ်စီ ခွဲယူ (ရုပ်သံဟိုက်လိုက်)
Published By
DVB | 11 December, 2017
1.7K
0
Share
0
Comment
0
Likes
ပရီးမီးယားလိဂ် မာဆေးဆိုဒ် ဒါဘီပွဲစဉ်ဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်ပွဲစဉ်မှာ သရေတမှတ်စီ ခွဲယူခဲ့ကြရပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးက အသာစီး ဖိကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန် ၄၂ မိနစ်မှာ ဆာလာက နောက်ခံလူတွေကြားထဲကနေ လှလှပပ သွင်းယူပေးခဲ့တာပါ။
လီဗာပူးဟာ ပွဲစဉ်တလျှောက်လုံး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းမှုမှာပါ အသာရခဲ့ပေမယ့် ဂိုးထပ်မံ မသွင်းယူနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်း ပွဲချိန် ၇၇ မိနစ်မှာ လီဗာပူး နောက်ခံကစားသမား လိုဗရန်က အဲဗာတန် တိုက်စစ်မှူး ကလာဗတ်လီဝင်ကို တွန်းလှဲခဲ့တာကြောင့် ပယ်နယ်တီပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ အဲဒီပယ်နယ်တီကို အဲဗာတန်တိုက်စစ်မှူး ရွန်နီက ကန်သွင်းပြီး ချေပဂိုး ရယူခဲ့တာပါ။
ပွဲပြီးချိန်ထိ အိမ်ရှင်အနေနဲ့ ဆက်တိုက် အနိုင်ရအောင် ဖိကစားပေမယ့် ဂိုးထပ်မံ မသွင်းယူနိုင်တာကြောင့် ၁ ဂိုးစီ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။